DVB Logo
Home
မြန်မာသတင်း
မဒေါက်မြို့တွင် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း ကုသစစ်ဆေးမှုများ လာရောက်ပြုလုပ်
DVB
·
November 14, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ဒေသခံပြည်သူတွေကို ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ကုသစစ်ဆေးပေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာကို ကြိုတင်ကာကွယ်နိုင်ဖို့ ကြိုတင်ကာကွယ်လို့ မရတဲ့ ကင်ဆာကို စောစီးစွာ သိရှိဖို့အတွက် နည်းလမ်းတွေကို ပြည်သူလူထုထဲမှာ ဗဟုသုတအဖြစ် ဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး ပညာပေးဟောပြောမှုတွေနဲ့ ရောဂါဝေဒနာ ကုသစစ်ဆေး ပေးမှုတွေ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက အထွေထွေ အထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

မဒေါက်မြို့ လူမှုကူညီရေးအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ လာရောက်ကုသတဲ့နေရာမှာ အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်ပေးတာဖြစ်ပြီး အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာ၊ ဒုတိယအဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာ၊ အမျိုးသား အမျိုးသမီးတွေမှာ ကွမ်းစားရင် အဖြစ်များတဲ့ ခံတွင်းကင်ဆာ၊ ကလေးကင်ဆာ စတဲ့ ကင်ဆာတွေနဲ့ ပတ်သက်တဲ့ ပညာပေး ဟောပြောမှုတွေ ပြုလုပ်ပေးသလို ဆေးစစ်ခြင်းအနေနဲ့ သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းကို VIA Method နဲ့ ဆောင်ရွက်ပေးခြင်း၊ ကင်ဆာ အစပျိုးတဲ့သူတွေကို အေးခဲကုထုံးနဲ့ ကုသပေးခြင်း၊ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး စောစီးစွာ သိရှိနိုင်ဖို့ ဘယ်လို စမ်းသမ်ရမလဲဆိုတာကို ရင်သားမော်ဒယ်ပုံစံလေးတွေနဲ့ စမ်းသပ်နည်းကို သင်ကြားပြသပေးခြင်း၊ ခံတွင်းကင်ဆာနဲ့ ပတ်သက်တဲ့ ခံတွင်းစစ်ဆေးပေးခြင်း၊ ဆီချိုစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် စစ်ဆေးပေးခြင်း၊ ECG ရိုက်ပေးခြင်း၊ Ultrasound ရိုက်ခြင်း၊ ကလေးလူနာတွေကို ကြည့်ရှုကုသပေးခြင်း၊ ကင်ဆာလူနာတွေကို ကြည့်ရှုအကြံပေးခြင်း၊ အထွေအထွေရောဂါ သမားတော်တွေနဲ့ နှလုံး သွေးတိုး ဆီချို သွေးချိုတွေကို ကြည့်ရှုစစ်ဆေးပေးတာတွေကို ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အထွေထွေရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က “အဓိကအနေနဲ့ ဆရာတို့ ပြည်သူလူထုအတွင်းမှာ ကင်ဆာရောဂါသည် ကာကွယ်နိုင်တယ်။ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်။ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို စနစ်တကျ ဆောင်ရွက်ပါလို့ အကြံပြု ပြောကြားချင်တယ်။ ဒုတိယအချက်က ကင်ဆာရောဂါဟာ စောစီးစွာ သိရှိလို့ရှိရင် ၉၀ ရာခိုင်နှုန်း ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် စောစီးစွာ သိရှိဖို့အတွက် နည်းလမ်းတွေကို ဆရာတို့ ဟောပြောပွဲတိုင်းမှာ ပြောပေးပါတယ်။ ဟောပြောပွဲမှာ ဟောပြောတဲ့ နည်းလမ်းတွေကို အလေးအနက် လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုတွေကို လျှော့ချပြီးတော့ သက်တမ်းရှည်ရှည် နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းအနေနဲ့ ညောင်လေးပင်မြို့နယ်မှာ အခမဲ့ လာရောက်ကုသပေးတာဆိုရင် နှစ်ကြိမ်တိုင် ရှိခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ကုသစစ်ဆေးခြင်းကို မဒေါက်မြို့ ဒေသခံပြည်သူ ၅၀၀ ကျော် လာရောက်ကုသ စစ်ဆေးမှုတွေ ပြုလုပ်ကြတယ်လို့လည်း သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013