အာဆီယံထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် (ဓာတ်ပုံ)
DVB
·
November 13, 2017
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ဒီကနေ့ ကျင်းပတဲ့ (၃၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်နေပါတယ်။
အဆိုပါ မျက်နှာစုံညီအစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံက နိုင်ငံ့အကြီးအကဲတွေနဲ့ မြန်မာနိုင်ငံက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမင်းလွင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ-MOFA