DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ဘက်ထရီ မော်တာသုံး ဆေးဖျန်းပုံး အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်
DVB
·
November 13, 2017
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ကံ့ကော်လမ်းမှာ မနေ့ည ၉ နာရီကျော်က ဘက်ထရီ မော်တာသုံး ဆေးဖျန်းပုံး အားသွင်းရာမှ အပူလွန်ကဲ ပေါက်ကွဲပြီး နေအိမ် ထရံကတဆင့် မီးကူးစက်လောင်ကျွမ်းကာ အဆောက်အအုံ ၃လုံးနဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုးထရံကာ အုတ်ခင်း ၁ ထပ် အဆောက်အအုံ ၂ လုံး၊ သွပ်မိုး ထရံကာ ပျဉ်ခင်း ၂ ထပ်အိမ် တလုံး၊ မော်တော်ဆိုင်ကယ် ၅ စီးနဲ့ အခြားပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး စုစုပေါင်း ၁၇ သိန်းကော်ျဖိုး ဆုံးရှုံးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးသတ်ဌာနက ရရှိတဲ့စာရင်းတွေအရ သိရပါတယ်။

မီးလောင်ရာ နေရာကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး ဦးဆောင်ပြီး မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ အပါအဝင် ရဲတပ်ဖွဲ့၊ ပြည်သူတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ နာရီဝက်ခန့်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုသူ ဒေါ်ချိုသန်းကို မုံရွာနယ်မြေရဲစခန်းက (ပ)၇၂၃/၂၀၁၇၊ ပုဒ်မ ၂၈၅ နဲ့ အရေးယူထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မုံရွာမြို့နယ်မှာ မီးလောင်မှု ၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလအတွင်းမှာတော့ ၂ ကြိမ်ရှိပြီဖြစ်ကာ မီးလောင်မှု ဖြစ်ရတာတွေထဲမှာ အများဆုံးက ပေါ့ဆမီးကြောင့် ဖြစ်တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013