DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြသည့်အနေဖြင့် ဒဗ္ဗလင် လွတ်မြောက်ရေးဆု ပြန်အပ်မည်
DVB
·
November 13, 2017
ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြသည့်အနေဖြင့် ဒဗ္ဗလင် လွတ်မြောက်ရေးဆု ပြန်အပ်မည်
Donate to DVB

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ဒဗ္ဗလင် လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆု (Freedom of the City of Dublin) ကို  ပြန်အပ်သွားမယ်လို့ အိုင်းရစ်ဂီတ ပညာရှင်နဲ့ လိုက်ဖ်အေ့ဒ်အဖွဲ့ တည်ထောင်သူ ဘော့ဘ်ဂျယ်ဒေါ့ဖ်က ပြောလိုက်ပါတယ်။

ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် ရရှိထားတဲ့အပေါ် “ကျနော်တို့မြို့နဲ့ သူမ အဆက်အစပ်ရှိနေတာက ကျနော်တို့အားလုံးအတွက် ရှက်စရာပဲ။ သူမနဲ့ ကျနော်တို့ လုံးဝ အဆက်အစပ် မရှိတာမျိုး ဖြစ်သင့်တယ်။ ကျနော်တို့က သူမကို ဂုဏ်ပြုခဲ့တယ်၊ အခုတော့ သူက ကျနော်တို့ကို ထိတ်လန့်အရှက်ရစေတယ်” လို့ ဂျယ်ဒေါ့ဖ်က ပြောလိုက်တာပါ။

နိုဝင်ဘာ ၁၃ ရက်နေ့မှာ အိုင်ယာလန်မြို့တော်ရဲ့ မြို့တော်ခန်းမမှာ သူရထားတဲ့ဆုကို ပြန်လည်ပေးအပ်မယ်လို့လည်း ဆိုပါတယ်။

အိုင်းရစ်ဂီတပညာရှင် ဂျယ်ဒေါ့ဖ်ရဲ့ မိတ်ဆွေဖြစ်တဲ့ ယူတူး (U2) ဂီတအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လိုက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုကို သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပ်တည်ပေးဖို့ နိုဝင်ဘာ ၁၁ ရက်က တိုက်တွန်းပါတယ်။

ယူတူးတေးဂီတအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ထုတ်ပြန်ထားတဲ့ စာထဲမှာတော့ “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပဋိပက္ခကို ပြောဖို့ ပျက်ကွက်မှုက စစ်တပ်နဲ့ တသဘောထားတည်း တော်တော်လေး သဘောတူညီချက်ရှိတယ်ဆိုတာ စတင်ပြသလိုက်သလိုပဲ။ ကျနော်တို့ သူ့ကို ပြောချင်တာက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှု လုပ်ရပ်တွေက အင်မတန်ဆိုးရွားတဲ့ ရက်စက်ကြမ်းကြုတ်မှုဖြစ်တယ်။ ဒါတွေကို ရပ်တန့်ရမယ်” လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013