DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်အတွင်း ဥပဒေနှင့်မညီသည့် ကျောက်မိုင်းများ ပိတ်သိမ်းပေးရန် တိုက်တွန်း
DVB
·
November 13, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိ ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ ကျောက်မိုင်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပြီး အမြန်ဆုံး ပိတ်သိမ်းပေးဖို့ ပေါင်မြို့နယ် လူမှုဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။

ပေါင်မြို့နယ် လူမှုဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက် (NSDP) ရဲ့ စီမံကိန်းတာဝန်ခံ မဇွန်ပန်းက “ကျမတို့ ပေါင်မြို့နယ်ထဲမှာ နေ့စဉ် ကြုံတွေ့ခံစားနေကြရတဲ့ ကျောက်မိုင်းခွဲသံကြောင့် ထိတ်လန့်မှုတွေ၊ ရေရှားပါးမှု ပြဿနာတွေ၊ ဒေသခံ အလုပ်သမားတွေအနေနဲ့လည်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေ ရှိလာလို့ ဒါကို သက်ဆိုင်ရာဌာနတွေက သိစေဖို့နဲ့ ပြည်သူလူထုရဲ့အသံကို ထင်ဟပ်စေဖို့အတွက် အခုလို အစီရင်ခံစာ ထုတ်ပြန်ရတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

“သက်ဆိုင်ရာ အစိုးရဌာနတွေအနေနဲ့ ပြည်သူလူထုရဲ့ နိစ္စဓူဝ ခံစားနေရတဲ့ ကိစ္စတွေကို ထင်ဟပ်စေပြီး ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေကို ရှေ့တန်းတင်ပြီးတော့ လုပ်ဆောင်စေလိုပါတယ်။ ကျမတို့နိုင်ငံမှာက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ချိုးဖောက်မှုတွေ ခံနေရတာကို မဖြစ်ရလေအောင် ထိန်းသိမ်းဖို့နဲ့ ICESCR မှာပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အစီစဉ်တကျ စီမံဆောင်ရွက်စေချင်တယ်။ နောက်ပြီး ဥပဒေနဲ့မညီတဲ့ ကျောက်ထုတ်လုပ်ငန်းတွေကိုလည်း အပြီးသတ် ပိတ်သိမ်းပေးဖို့အတွက် တိုက်တွန်းချင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမှုများ အစီရင်ခံစာ ထုတ်ပြန်ခြင်းနဲ့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့က မော်လမြိုင်မြို့ မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်း ကွန်ရက်ရုံးမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပေါင်မြို့နယ်အတွင်းရှိ ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ကျောက်မိုင်း ၂၅ မိုင်းရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈၊ နိုင်ငံသားများရဲ့ မူလရပိုင်ခွင့် အခွင့်အရေးနဲ့ တာဝန်များ အခန်းမှာ ပါတဲ့ ပုဒ်မ ၃၉၀၊ အပိုဒ်ခွဲ (ခ) အရ နိုင်ငံသားတိုင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့အတွက် တာဝန်ရှိတယ်ဆိုတဲ့ ကိစ္စကို သိစေချင်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာအတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာက စတင်ကောက်ခံခဲ့ပြီး ၂၀၁၇ အောက်တိုဘာမှသာ ထုတ်ပြန်နိုင်ခဲ့တာပြီး စစ်တမ်းကောက်ခံတဲ့ နေရာမှာ ကျောက်မိုင်းအဓိက လုပ်ကိုင်နေတဲ့ ကျေးရွာတွေ၊ ကျောက်မိုင်းဒဏ် အဓိက ခံစားနေရတဲ့ အနီးအနားရှိ ကျေးရွာတွေအပြင် ကျောက်မိုင်းကြောင့် ရေအရင်းအမြစ် အဓိက ဆုံးရှုံးခဲ့ရတဲ့ ကျေးရွာတွေကို အခြေခံ ကောက်ယူထားတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013