DVB Logo
Home
မြန်မာသတင်း
အစိုးရ၊ လွှတ်တော်နှင့်ပါတီ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အန်အယ်လ်ဒီရုံးချုပ်တွင် ကျင်းပ
DVB
·
November 13, 2017
အစိုးရ၊ လွှတ်တော်နှင့်ပါတီ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အန်အယ်လ်ဒီရုံးချုပ်တွင် ကျင်းပ
1 / 4
Donate to DVB

ရန်ကုန်တိုင်း အစိုးရ၊ လွှတ်တော်နဲ့ ပါတီ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်မှာ ဒီနေ့ ပြုလုပ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတချို့ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။

ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေရွေးဖို့ ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ရွေးချယ်တဲ့အခါ ပုံစံ၆၆/၆သန်းခေါင်စာရင်းရှိ သူတွေကိုသာ မဲပေးခွင့်ရတာဟာ ဥပဒေပါအချက်တွေနဲ့ ကွဲလွဲနေတာ၊ အခြားမရိုးသားမှုတွေရှိနေတဲ့အပေါ် ဆွေးနွေးတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးက တချို့နေရာတွေ အဆင်ပြေတယ်၊ တချို့နေရာတွေ အဆင်မပြေဘူး။ လက်ရှိမှာက အဲကိစ္စက အနီးကပ်ဆုံးဖြစ်နေတော့ ပိုပြီး ဆွေးနွေးဖြစ်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ရွေးချယ်ဖို့ရှိတယ်။ ဒါပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကိစ္စက ကြီးကြပ်ရေးမှူးက အစ ပြန်ပြီး ရွေးရမယ်ဆိုတော့ ကော်မရှင်ကိစ္စကတော့ နောက်ပိုင်းမှပေါ့နော်” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့နဲ့ ပတ်သက်ပြီး လာမယ့် ၁၄ ရက်နေ့မှာ မြို့နယ်အလိုက် အခက်အခဲတွေကို တင်ပြဆွေးနွေးဖို့ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - စိုးမိုးအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013