DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့အနီးတွင် တိုင်းဒေသကြီးအစိုးရ နေအိမ်များ ဆောက်လုပ်ပေးနေ
DVB
·
November 12, 2017
မောင်တောမြို့အနီးတွင် တိုင်းဒေသကြီးအစိုးရ နေအိမ်များ ဆောက်လုပ်ပေးနေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လူသားခြင်းစာနာထောက်ထားမှုအစီအစဉ်အရ ရခိုင်ပြည်နယ် မောင်တောမြို့မှ မိုင် ၃၀ ကျော်အကွာမှာရှိနေတဲ့ သစ်တုံးသားဂွဆုံကျေးရွာမှာ နေအိမ်အလုံး ၄၀ ကျော်ဆောက်လုပ်ပေးနေတယ်လို့ အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

အိမ်တွေဆောက်လုပ်ပြီးစီးဖို့အတွက် ပြည်သူတွေအပါအဝင် လူမှုရေးအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ ကော်မတီတရပ် ဖွဲ့စည်းအကောင်အထည်ဖော်သွားမှာဖြစ်ပြီး နေအိမ်တလုံးအတွက် ကျပ်သိန်း ၇၀ နဲ့ ၈၀ ကြား ကုန်ကျမှာဖြစ်ကြောင်းနဲ့ ၄ လအတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမယ်လို့ ဝန်ကြီးကပြောပါတယ်။

“အိမ်ရာဆောက်လုပ်ရာမှာလည်း ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ တဖက်တလမ်း အဆင်ပြေစေဖို့ ဒေသထွက် ပစ္စည်းတွေကို အဓိကထားသုံးသွားမှာဖြစ်ပြီး ဒေသခံတွေ အလုပ်အကိုင်ရရှိအောင် ဦးစားပေးဆာင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လျပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

သစ်တုံးသားဂွဆုံကျေးရွာမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်တဲ့ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး သြဂုတ် ၂၅ ရက်နေ့ ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်သမားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားခဲ့တဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

“ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဘယ်နေရာတွေမှာ ကူညီပေးရမလဲလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ကမ်းလှမ်းလိုက်တော့ မြိုတိုင်းရင်းသား ကျေးရွာတစ်ရွာဖြစ်တဲ့ သစ်တုံးနားခွဆုံရွာကို ဆောက်လုပ်ပေးဖို့ သတ်မှတ်ပေးလိုက်တာပါ”လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက နိုဝင်ဘာ ၂၇ ရက်က စစ်တွေမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

သစ်တုံးသားဂွဆုံ ကျေးရွာမှာ လူနေအိမ်ခြေတွေအားလုံးတည်ဆောက် ပြီးသွားရင်တော့ မူလကျေးရွာသားတွေအပြင် ခရုချောင်း၊ မျောက်ခေါင်းတောင်၊ ပန်းချောင်း၊ အင်းချောင်း(အောက်ရွာ) စတဲ့ တောင်ပေါ်ကျေးရွာတွေက မြိုတိုင်းရင်းသားတွေကို နေရာချပေးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013