DVB Logo
Home
မြန်မာသတင်း
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ပေးမည်
DVB
·
November 12, 2017
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ပေးမည်
Donate to DVB

ဆိုးလ်မြို့က ပလတ်စတစ်ခွဲစိတ်ဆရာဝန်တွေနဲ့ မြန်မာနိုင်ငံက ဆရာဝန်တွေပူးပေါင်းပြီး အသက် ၁၃ နှစ်အောက် နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာတွေကို ရန်ကုန်ဆေးရုံကြီးမှာ နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ အခမဲ ခွဲစိတ်ကုသပေးမယ်လို့ သိရပါတယ်။

အဲဒီခွဲစိတ်မူ ခံယူလိုတဲ့သူတွေအနေနဲ့ နိုဝင်ဘာ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာမေးရိုးခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဌာနမှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

ဒီခွဲစိတ်မှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ကိုရီးယားသမ္မတနိုင်ငံ posco Daewoo corporation တို့ ပူးပေါင်းပြီးလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးငယ်တစ်ဦးတည်းမှာ နှုတ်ခမ်းနဲ့     အာခေါင်ကွဲဖြင့် မွေးလာတဲ့ မွေးရာပါ ချို့ယွင်းတဲ့ က လေးဦးရေဟာ အသက်ရှင်ပြီး မွေးလာတဲ့ကလေးဦးရေ ၁၀၀၀ ရဲ့ ၁ဒသမ၇ဦးအထိရှိတယ်လို့ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) မေးရိုးနဲ့ခွံတွင်းခွဲစိတ်ကုသဌာနကထုတ်ဝေတဲ့ ပညာပေးစာစောင်မှာဖော်ပြထားပါ တယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013