DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စာအုပ်လမ်း ဒုတိယအကြိမ်ဖွင့်လှစ်
DVB
·
November 11, 2017
ရန်ကုန်စာအုပ်လမ်း ဒုတိယအကြိမ်ဖွင့်လှစ်
Donate to DVB

မနှစ်ကစလို့ ပြုလုပ်အောင်မြင်ခဲ့တဲ့ ရန်ကုန်စာအုပ်လမ်းကို ဒုတိယအကြိမ်အဖြစ် ဒီနေ့ မနက်ပိုင်းက သိမ်ဖြူလမ်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့ လာရောက် ဖွင့်လှစ်ပေးခဲ့ပြီး လူငယ်တွေ စာဖတ်မှု စွမ်းရည်မြှင့်တင်ပေးဖို့ ရည်ရွယ်တယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

“ဒီစာအုပ်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေကို စာဖတ်စွမ်းရည်မြှင့်တင် ပေးဖို့ရယ်၊ မြန်မာစာပေကို ဒီထက်ပိုပြီး အရှိန်မြှင့်တင်ပေးဖို့ရယ်ပေါ့။ နောက်ပြီး ဒီစာအုပ်တန်း ကတော့ နိုင်ငံခြားသားတွေကိုပါ ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ဝန်ကြီး ဒေါက်တာ ဖေမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်စာအုပ်လမ်းမှာ ဆိုင်ခန်းပေါင်း ၁၇၀ ကျော်ရှိပြီး အများပြည်သူ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဝန်ကြီးများရုံးရှေ့ သိမ်ဖြူလမ်းပေါ်နဲ့ အနော်ရထာလမ်းပေါ်မှာ ဖွင့်လှစ်နေတာပါ။

အခု ပထမဆုံး အပတ်မှာတော့ တနင်္လာနေ့အထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

အရင်နှစ်က ၃ လ ဖွင့်လှစ်ခဲ့ပြီး အခုနှစ်မှာတော့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ရက်တိုးဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013