DVB Logo
Home
မြန်မာသတင်း
ပြည်​ကြီးတံခွန်​မြို့နယ်​ ဘီစကွတ်စက်ရုံ မီးလောင်
DVB
·
November 11, 2017
ပြည်​ကြီးတံခွန်​မြို့နယ်​ ဘီစကွတ်စက်ရုံ မီးလောင်
Donate to DVB

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယောမင်းကြီးလမ်းမပေါ် ၆၉ လမ်းနဲ့ လမ်း ၇၀ ကြားက သဇင်ဘီစကွတ် စက်ရုံမီးလောင်မှုဖြစ်ပြီး အလုပ်ခန်းပေါင်း ၄၀ လောက် ဆုံးရှုံးခဲ့ပါတယ်။

နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်က စလောင်ခဲ့တာဖြစ်ပြီး ဒီဇယ်ပေပါ ၄၅ လုံးကျော်နဲ့ မုန့်စက်တွေလည်း လောင်သွားတာပါ။

မီးသတ်ကား အစီး ၅၀၊ မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ လောက်နဲ့ ရပ်ကွက်နေပြည်သူတွေ  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး နေ့လယ် ၁ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းတယ်လို့ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းနိုင်က ပြောပါတယ်။

မီးလောင်တာနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူနဲ့ အလုပ်သမားတွေကို မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။

သဇင်ဘီစကွတ်စက်ရုံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်ကတည်းက ရှိခဲ့ပြီး အလုပ်သမားပေါင်း ၄၀၀ နီးပါးရှိတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013