DVB Logo
Home
မြန်မာသတင်း
ပြည်သူကိုအခြေခံသည့် အာဆီယံအသိုက်အ၀န်း ဖော်ဆောင်မည်ဟု အတိုင်ပင်ခံပြော
DVB
·
November 11, 2017
ပြည်သူကိုအခြေခံသည့် အာဆီယံအသိုက်အ၀န်း ဖော်ဆောင်မည်ဟု အတိုင်ပင်ခံပြော
Donate to DVB

အာဆီယံ အသိုက်အဝန်းအနေနဲ့  ပြည်သူလူထုကို အခြေခံတဲ့၊ ဦးစားပေးတဲ့၊ လူမှုရေးအရ တာဝန်ခံတဲ့ အသိုက်အဝန်းကို ဖော်ဆောင်သွားမယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ကျင်းပတဲ့ အာဆီယံနဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (အေပက်) ခေါင်းဆောင်တွေရဲ့ အလွတ်သဘောဆွေးနွေးပွဲ မိန့်ခွန်းမှာ ပြောတာပါ။

ဒါကြောင့် မိမိတို့အနေနဲ့ အများပါဝင်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တိုးမြှင့်နိုင်ရေးအတွက် ပညာရေး၊ အမျိုးသမီးတွေနဲ့ လူငယ်တွေအတွက် သင့်တင့်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရေး၊ ကျန်းမာတဲ့ လူနေမှုဘ၀၊ ကျား၊ မ သဟဇာတဖြစ်မှု၊ ရာသီဥတုပြောင်းလဲမှုတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ လတ်တလောရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်းအဖြေရှာဖို့ ပိုကောင်းတဲ့ ပေါင်းစပ်ဆက်သွယ်ရေးအဖြစ်  တရုတ် သမ္မတ အဆိုပြုခဲ့တဲ့ Belt and Road Initiative ကို ကြိုဆိုတယ်လို့ ပြောပါတယ်။

ဒီအစီအမံဟာ ကမ္ဘာ့နိုင်ငံတွေအကြား ပေါင်းစပ်ဆက်သွယ်ရာမှာ အဓိကဘောင် တရပ်အဖြစ် ဖော်ဆောင်သွားမယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ အေပက်ဟာ အောင်မြင်မှုရှိတဲ့ စီးပွားရေး အဖွဲ့အစည်းအဖြစ် ၂၇ နှစ်ကျော် ရပ် တည်နေတာကြောင့် ရေရှည်တည်တံ့တဲ့၊ အများပါဝင်တဲ့ စီးပွားရေးစနစ် တရပ်အတွက် အတွေ့အကြုံတွေကို ရယူချင်တယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013