DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကို ရက်ပိုင်းအတွင်း စတင်လေ့လာမည်
DVB
·
November 11, 2017
စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကို ရက်ပိုင်းအတွင်း စတင်လေ့လာမည်
Donate to DVB

စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကို မြေတိုင်းဦးစီးဌာန၊ စင်ကာပူအခြေစိုက် ကမာ့္ဘမြေစောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နိုဝင်ဘာ ၁၅ ရက်နေ့ စတင်လေ့လာသွားမယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံတလျှောက် မိုင် ၆၀ဝ ကျော်ထိ ရှည်လျားတဲ့အတွက် စစ်ကိုင်းပြတ်ရွေ့ကြော့ဟာ လှုပ်ခတ်ရင် ထိခိုက်မှုများနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်လူပ်ခတ်နိုင်တဲ့ ငလျင်ကြောတွေထဲမှာ နှစ်ပေါင်းရာကျော် ငြိမ်သက်နေတဲ့ စစ်ကိုင်းငလျင်ကြောလည်း ပါဝင်ပြီး အချိန်နဲ့တပြေးညီ စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာပေါ်မှာ ငလျင်ကြောကြီးနှစ်ခုရှိတဲ့အနက် မြန်မာနိုင်ငံဟာ အယ်ပိုင်ငလျင်ကြောပေါ်မှာ တည်ရှိနေတဲ့အတွက် ငလျင်တွေ မကြာခဏ လူပ်ခတ်နိုင်ပါတယ်။

စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ရွှေတြိဂံပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့လို အန္တရာယ်ရှိတဲ့ ငလျင်ကြောတွေရှိနေပြီး လှုပ်ခတ်ရင် ထိခိုက်မှုများနိုင်ပါတယ်။

ဒီလိုငလျင်ကြောတွေမှာ ငလျင်တိုင်းစက်တွေကို နိုင်ငံတကာအကူအညီနဲ့ တပ်ဆင်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013