DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုတွင် ပင်လယ်ကဏန်းနီ ဖမ်းဆီးရရှိမှု အရနည်းလာ
DVB
·
November 11, 2017
မြိတ်ကျွန်းစုတွင် ပင်လယ်ကဏန်းနီ ဖမ်းဆီးရရှိမှု အရနည်းလာ
Donate to DVB

တနင်္သာရီ ကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်မှာ အခုနှစ်အတွင်း ကဏန်းနီဖမ်းဆီးရမိမှု တဖြည်းဖြည်းနည်းပါးလာနေတယ်လို့ သိရပါတယ်။

ဈေးကွက်အတွင်း ကဏန်းနီဟာ ပြည်ပ ဈေးကွက်ကို အများဆုံးတင်ပို့ရတဲ့ ရေထွက်ကုန် ပစ္စည်းတခု ဖြစ်ကြောင်း ကဏန်းဖမ်းဆီးသူတွေက ပြောပါတယ်။

‘’ဒီ ကဏန်းနီက ပြီးခဲ့တဲ့နှစ်တွေက လှေတစ်ခေါက်ဆိုက်ပါက ကဏန်းနီ ကီလိုချိန် ရှစ်ထောင်မှ တစ်သောင်းအထိ ရတာမျိုး ရှိပါတယ်။ အခုက ဖမ်းဆီးရရှိမှုမှာ ကီလိုချိန် သုံးထောင်လောက်သာ ရရှိတော့တယ်။”

ကဏန်းနီကို မြိတ်ကျွန်းစု ပင်လယ်ပြင်မှာ ဖမ်းဆီးရပြီး ရေအောက် ကြမ်းပြင်မှာ သံမြုံးတွေနဲ့ ချကာ ဖမ်းဆီးရကြောင်း၊ မြိတ်နဲ့ ရေမိုင် ၁၀၀ ကျော် ကွာဝေးပြီး ဖမ်းဆီးမှု ကြာမြင့် ချိန်ဟာ လှေတစ်ခေါက်လျှင် ပင်လယ်မှာ ၂ ပတ်လောက် ကြာတယ်လို့ ကဏန်းနီ ဖမ်းဆီးတဲ့ ရေ လုပ်သားတွေက ပြောပါတယ်။

ရေထွက်ကုန်ပစ္စည်းဈေးကွက်အတွင်း ကဏန်းနီ ၁ ကီလိုကို အရွယ်အစားပေါ် မူတည်ပြီး ကျပ် ၆၀၀၀ မှ ၇၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။

“အခုက ပင်လယ်ပြင်မှာ လိုင်းလှေ တိုက်ခတ်မှုတွေများတော့ လေပြင်းနဲ့ လိုင်းကြီးခြင်းတို့ကြောင့် ရေအောက် ကြမ်းပြင်မှာ နေထိုင်တဲ့ ကဏန်းနီတွေက ရွေ့လျား သွားနေကြတော့ ဖမ်းဆီးဖို့ မလွယ်သလို ဖမ်းဆီးမှုတွေလည်း အရနည်းလာပါတယ်” လို့ လုပ်သက် ၁၅ နှစ်ရှိ ပဲ့နင်း ဦးရွှေတင်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ကဏန်းနီတွေကို မြိတ်ဒေသရှိ အအေးခန်းစက်ရုံတွေမှာ အေးခဲပြုပြင်ပြီး တရုတ်၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေကို အများဆုံးတင်ပို့တယ်လို့ ဆိုပါတယ်။

မြိတ်ဒေသမှာ ကဏန်းနီ ဖမ်းဆီးတဲ့ စက်လှေ အစီးရေ ၄၀ ကျော် နီးပါးရှိနေပြီး နှစ်စဉ် စတင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖမ်းဆီးကြတယ်လို့ သိရပါတယ်။

သတင်းနှင့်သတင်းပုံ - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013