DVB Logo
Home
မြန်မာသတင်း
လက်နက်များနှင့် ဖမ်းမိခဲ့သည့် ဖြိုးကိုကိုတင့်ဆန်းအမှု ချုပ်ရမန် ထပ်တောင်း
DVB
·
November 11, 2017
လက်နက်များနှင့် ဖမ်းမိခဲ့သည့် ဖြိုးကိုကိုတင့်ဆန်းအမှု ချုပ်ရမန် ထပ်တောင်း
Donate to DVB

လက်နက်တွေနဲ့ ဖမ်းဆီးမိခဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်းအပါအ၀င် ၃ ယောက်ကို မနေ့က ဒက္ခိဏသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီး ချုပ်ရမန် ထပ်ယူခဲ့ပါတယ်။

တွဲဖက်တရားသူကြီး ဒေါ်ဝင်းဝင်းခိုင်က “ဖြိုးကိုကိုတင့်ဆန်း၊ အောင်နိုင်နဲ့ ရန်အောင်စိုး တို့တွေကို ချုပ်ရမန်တောင်းတာပါ။ ဒီနေ့ ကိစ္စက ဒါပဲ။ ကျမတို့ ဆီ ရမန်လာတောင်းလို့ ရမန်ပေးလိုက်တာပါပဲ”လို့ ပြောပါတယ်။

ချုပ်ရမန်ကို နိုဝင်ဘာ ၂၄ ရက်နေ့ အထိ (ရမန် ၁၄ ရက်) ပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့ ၃ ယောက်ကို လက်နက်တွေနဲ့အတူ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး လက်နက်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ သွင်းကုန်ပို့ကုန်ပုဒ်မ၊ မူးယစ် ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတာပါ။

ဒီအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ တယောက်ရဲ့ ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၄ ရက်နေ့က ရဲစခန်းမှာ သိမ်းထားတဲ့ သေနတ်အိတ်ထဲမှာ ကျည်ဆန်တွေရှိတယ်ဆိုတာကြောင့် ထပ်ရှာခဲ့ပြီး ၉ မမ ကျည် ၈ တောင့်ရထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013