
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၆၇/၆ နဲ့ ၆၇/၇ အကြားမှာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ၁၉ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မျာ ကျိုက်ထိုကနေ ပဲခူးဘက်ကို ယာဉ်မောင်း အောင်ကိုသက် မောင်းနှင်လာတဲ့ လိုက်ထရပ် ယာဉ်ဟာ ဝေါမြို့နယ် ကျိုက်လှကျေးရွာအနီး လမ်းကွေ့မှာ ရှေ့က ယာဉ်ကို ကျော်တက်ချိန် မျက်နှာချင်းဆိုင်က ယာဉ်မောင်း အောင်အောင် မောင်းနှင်လာတဲ့ ၂၂ ဘီး ယာဉ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိပြီး တိမ်းမှောက်သွားရာ လိုက်ထရပ် ကားပေါ်ပါလာသူ ၁၉ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ဝေါဆေးရုံကို ပို့ဆောင်ကာ ဆေးကုသစေပြီး အဲဒီထဲမှာ ၆ ဦးကတော့ အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဝေါမြို့မရဲစခန်းက ယာဉ်မောင်း အောင်ကိုသက်နဲ့ အောင်အောင်ကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး











