DVB Logo
Home
မြန်မာသတင်း
ဆတ်သေရွာထဲ သစ်မှောင်ခိုကားများ ၀င်ထွက်ပါက ဖမ်းဆီးအပ်နှံမည်ဟု ဒေသခံများပြော
DVB
·
November 11, 2017
ဆတ်သေရွာထဲ သစ်မှောင်ခိုကားများ ၀င်ထွက်ပါက ဖမ်းဆီးအပ်နှံမည်ဟု ဒေသခံများပြော
Donate to DVB

ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ဆတ်သေရွာအတွင်း သစ်မှောင်ခိုကားတွေ ၀င်ထွက်မောင်းနှင်မှု ပြုလုပ်ရင် ဖမ်းဆီးအရေးယူသွားမယ်လို့ သိရပါတယ်။

ဆတ်သေရွာအတွင်း နေ့စဉ်သစ်မှောင်ခိုကားတွေ အချိန်မဟုတ်လည်းသွားလာနေတဲ့ အတွက် ကိုယ်ထူကိုယ်ထလမ်းတွေပျက်စီးပြီး ကျေးရွာလုံခြုံရေးကိုလည်း ထိပါးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျေးရွာက တာဝန်သိလုပ်ဆောင်ပြီး ကျနော်တို့ဆီ အပ်မယ်ဆိုရင် အရေးယူရမှာပါ။ ကျနော်တို့လည်း လိုက်ဖမ်းနေတာပဲ။ ပြီးတော့ဆိုင်ရာဌာနကိုလည်း အကြောင်းကြားပြီးပြီ။ ဥပဒေ အတိုင်းလုပ်ရမှာပါ” လို့ ရပ်စောက်မြို့နယ် ရဲမှူး အေဝမ်းက ပြောပါတယ်။

ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ဆတ်သေရွာအတွင်း သစ်မှောင်ခိုကား ဝင်ထွက်မောင်းနှင်မှုမပြုလုပ်ရန် နိုဝင်ဘာ ၉ ရက်နေ့ တွင်သတိပေးဆိုင်းဘုတ် တပ်ဆင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

သတိပေးဆိုင်းဘုတ်တပ်ဆင်ပြီး လိုက်နာမှုမရှိပါက သတ်မှတ်ထားတဲ့ ရွာစည်းကမ်းအရ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့က အရင်ဆုံးသတိပေးတာပါ၊ မလိုက်နာနိုင်ရင် ရွာစည်းကမ်းအရ ဝိုင်းဖမ်းဆီးပြီး သက်ဆိုင်ရာကိုအပ်သွားမှာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

သစ်မှောင်ခိုကားသွားလာမှုကို အရေးယူပေးဖို့ ဌာနဆိုင်ရာကို အကြောင်းကြားပေမယ့် အရေးမယူပေးတဲ့အတွက် လူငယ်အဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတိပေးဆိုင်းဘုတ်ကို ရွာအဝင်ရွာအထွက်နဲ့ ရွာတွင်းလမ်းတလျောက် ၈ ခုတပ်ဆင်ထားတယ်လို့ သိရပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013