DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆိုင်ကယ်မှောက်၍ ၁ ဦး သေဆုံး
DVB
·
November 10, 2017
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆိုင်ကယ်မှောက်၍ ၁ ဦး သေဆုံး
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၄၂/ ၃ နဲ့ ၄ အကြား ဒီနေ့မနက်ပိုင်းက ဆိုင်ကယ်မှောက်လို့ အမျိုးသားတဦးသေဆုံးသွားတယ်လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်း တာဝန်ကျအရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ မိတ္ထီလာဘက်က အလုပ်လုပ်ပြီး ရှမ်းတဲရွာဘက်ကိုပြန်လာတဲ့ ကိုလှိုင်ဝင်း စီးလာတဲ့ဆိုင်ကယ် အရှိန်လွန်လဲကျတိမ်းမှောက်ခဲ့လို့ ရှမ်းတဲလေတပ်က ကားနဲ့ မိတ္ထီလာဆေးရုံ လိုက်ပို့ချိန် လမ်းမှာ သေဆုံးသွားတယ်လို့ တာဝန်ကျအရာရှိက ပြောပါတယ်။

မိတ္ထီလာအမှတ်(၂)ရဲစခန်းဒုရဲအုပ်အောင်သိုက်က “ကိုလှိုင်ဝင်း တယောက်တည်း စီးလာတယ်။ ဆိုင်ကယ်အရှိန်များလွန်းတော့ ဆိုင်ကယ်တခြား လူတခြားလဲကျတယ်။ ဦးခေါင်းနောက်စေ့ပေါက်တယ်။ နှာခေါင်းက သွေးထွက်နေတယ်။ ခြေမနဲ့ဒူးတွေ ပွန်းပဲ့ကုန်တယ်။ မိတ္ထီလာဆေးရုံ ပို့နေဆဲမှာ သေဆုံးသွားတယ်” လို့ ပြောပါတယ်။

ဒေသခံတဦးက “အရှိန်နဲ့ တအားမောင်းလာပြီး လဲကျတယ်၊ ခေါင်းနဲ့ကျတယ်။ ဆိုင်ကယ်က လဲကျတဲ့အရှိန်ကြောင့် လမ်းဘေးအတော်ဝေးဝေး ရောက်သွားတယ်” လို့ ပြောပါတယ်။

မိတ္ထီလာအမှတ်(၂)ရဲစခန်းက ကိုလှိုင်ဝင်း ကို ယာဉ်မဆင်မခြင်မောင်းလို့ အသက်သေဆုံးမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013