DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အဆောက်ဦအား ဒရုန်းဖြင့်ရိုက်ကူးသူများကို ထောင်ဒဏ် ၂ လချမှတ်
DVB
·
November 10, 2017
လွှတ်တော်အဆောက်ဦအား ဒရုန်းဖြင့်ရိုက်ကူးသူများကို ထောင်ဒဏ် ၂ လချမှတ်
Donate to DVB

နေပြည်တော် လွှတ်တော်အဆောက်အဦအား ခွင့်ပြုချက်မရှိဘဲ ဒရုန်းနဲ့ ရိုက်ကူးဖို့ကြိုးစားခဲ့လို့ တရားစွဲဆိုခံထားရတဲ့ သတင်းထောက်တွေပါအ၀င် ၄ ဦးကို ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး လေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀ အရ ထောင်ဒဏ် ၂ လစီချမှတ်ခဲ့ပါတယ်။

“ကျနော်တို့ကို စတရားစွဲတုန်းက ပုဒ်မ ၈ နဲ့ပဲ ဆွဲထားတာလို့ သိရတယ်။ ဒါပေမယ့် အခုက ပုဒ်မ ၁၀ တရားစွဲတယ်လို့ သိလိုက်ရတယ်။ ကျနော်တို့ကို သွင်းကုန်ပို့ကုန် ပုဒ်မ ၈ နဲ့ ဆွဲထားပြီး ဒီမနက်ကျမှ ပုဒ်မ ၁၀ နဲ့ ထပ်တိုးဆွဲတယ်ဆိုတာ သိရတာပါ” လို့ ထောင်ဒဏ်ချမှတ်ခံရတဲ့ စကားပြန် ကိုအောင်နိုင်စိုးက ပြောပါတယ်။

အဲဒီ ပုဒ်မ ၁၀ ဟာ လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေထဲက ပုဒ်မတစ်ခုဖြစ်ပြီး ၁၉၃၉ ခုနှစ် အင်္ဂလိပ် လက်ထက်ကတည်းက  ရှိခဲ့တဲ့ ဥပဒေဖြစ်တယ်လို့ သိရပါတယ်။ ပုဒ်မ ၁၀ ရဲ့ ပြစ်မှု ပြစ်ဒဏ်ကို ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ် ရော ထောင်ဒဏ်ပါ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

လာမယ့် ၁၆ ရက်နေ့ကို ရမန်ရုံးချိန်းနဲ့ ပြန်လည်ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရှေ့ နားကနေ ဒရုန်းလွှတ်တင်ပြီး လွှတ်တော် အဆောက်အဦကို ရိုက်ကူးနေချိန် တာဝန်ကျ လုံခြုံရေး တွေက တွေ့ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

ထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေကတော့ တူရကီအခြေစိုက် RT သတင်းဌာန စင်ကာပူဌာနခွဲက  မလေးရှားနိုင်ငံသူ MOK CHOY LIN နဲ့ စင်ကာပူနိုင်ငံသား LAUHON MEN၊ စကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ဦးလှတင်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013