၁၁ လအတွင်း YBS ယာဉ်မတော်တဆမှု ၁၄၈ မှုနှင့် သေဆုံးသူ ၂၉ ဦးရှိ
DVB
·
November 10, 2017

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းတွေ ပြေးဆွဲတဲ့ ၁၁ လ အတွင်း ယာဉ်မတော်မဆဖြစ်ပွားတဲ့ အမှုပေါင်း ၁၄၈ မှုရှိပြီး သေဆုံးသူ သေဆုံးသူ ၂၉ ဦးရှိတယ်တယ်လို့ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ( ရန်ကုန် ) က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၆ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ စာရင်းတွေအရ ထိခိုက်ဒဏ်ရာရရှိသူ ၃၄၄ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၂၉ ဦး ရှိခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ဖေဖော်ဝါရီ ၁၈ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်လိုင်းတွေကို အရေးယူဖမ်းဆီးထားတဲ့ အမှုပေါင်း ၁၃၉၃၃ ရှိပါတယ်။
လက်ရှိပြေးဆွဲနေတဲ့ YBS ယဉ်လိုင်းပေါင်း ၈၉ လိုင်းပြေးဆွဲလျက်ရှိနေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ မထသစနစ်ကို ဖျက်သိမ်းပြီး ဇန်နဝါရီ ၁၆ ရက်မှာ YBS ယာဉ်လိုင်းတွေ စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
သတင်း၊ဓာတ်ပုံ-သူဇာလင်း