
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ကဝက်ရေကန်ချောင်ကျေးရွာ (ကဝက်ရွာ) တန်ဆောင်တိုင် ဘုံကထိန်မှာ ဓလေ့ရိုးရာအနေနဲ့ အရုပ်ကျွဲ နတ်ပြပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိပါတယ်။
ဒီအလှပြ အရုပ်ကျွဲ နတ်ပြပူဇော်ပွဲဟာ ကဝက်ကျေးရွာရဲ့ ဓလေ့ရိုးရာပွဲတခုဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာကတည်းက နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တဲ့ အစဉ်အလာကြီးမားတဲ့ပွဲလည်း ဖြစ်ပါတယ်။
တန်ဆောင်တိုင် ဘုံကထိန်ပွဲမှာ ကျေးရွာအတွင်း ပဒေသာပင်တွေ မလှည့်လည်မီ အရုပ်ကျွဲ၊ အိုးစည်ဝိုင်းနဲ့ ကျွဲဖမ်းကပြမယ့် လူငယ်တွေ အန္တရာယ်ကင်းစေဖို့အတွက် ကျေးရွာရှိ နတ်စင်ရှေ့မှာ ရွာတော်ရှင် အပ်နှံတဲ့သဘောလည်း ဖြစ်ပါတယ်။
ကဝက်ကျေးရွာ ဘုံကထိန်မှာ တခြားပျော်ပွဲရွှင်ပွဲတွေနဲ့ ဆရာကန်တော့ပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်တဲ့ ဧည့်သည်တွေကို ထမင်း၊ ဟင်း၊ တခြား မုန့်ပဲသွားရည်စာတွေနဲ့ ကျွေးမွေးဧည့်ခံကြပါတယ်။
မင်းကိုသန့်










