DVB Logo
Home
မြန်မာသတင်း
ပလက်ဝကိစ္စ ပြည်သူထိခိုက်တာကြောင့် ပြန်တိုက်မည်ဟု ဦးဇော်ဌေးပြော
DVB
·
November 10, 2017
ပလက်ဝကိစ္စ ပြည်သူထိခိုက်တာကြောင့် ပြန်တိုက်မည်ဟု ဦးဇော်ဌေးပြော
Donate to DVB

ပလက်ဝကိစ္စက အရပ်သားပြည်သူကို ထိခိုက်တာကြောင့် အစိုးရနဲ့ တပ်မတော်အနေနဲ့ ပြန်တိုက်မယ်လို့ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်က ရန်ကုန်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး မီဒီယာတွေက မေးမြန်းရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ပလက်ဝ ကတော့ အခု သတင်းတွေမှာ တွေ့တဲ့အတိုင်းပဲနော်၊ ဒါက ကျန်တဲ့ ပြည်သူတွေကို အရပ်သားပြည်သူတွေကို ထိခိုက်တဲ့ဟာပေါ့။ ဒါက နိုင်ငံတော်အစိုးရကိုရော လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုရော အကုန်လုံးက ပြည်သူကို ထိခိုက်လာတာကြောင့် ပြန်တိုက်ရမှာပေါ့”

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းရှိ ကုန်ပြင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂ ရက်က တပ်မတော် ခမရ (၃၇၈) နဲ့ ရက္ခိုင်တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။

တခါ နိုဝင်ဘာ ၈ ရက်မှာ ပလက်ဝမြို့နယ်၊ နုံးဘူးကျေးရွာအနီး၊ ကုလားတန်မြစ်ထဲမှာ တပ်မတော်သားများ စီးနင်းလိုက်ပါလာတဲ့ စက်လှေတစင်းနဲ့ အရပ်သားပြည်သူတွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေတစင်းတို့ကို  AA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုအတွင်း ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံ ကျောင်းသားတဦး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013