DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်လက်မှတ်ထိုးရေး မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဆွေးနွေး
DVB
·
November 9, 2017
အပစ်ရပ်လက်မှတ်ထိုးရေး မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဆွေးနွေး
Donate to DVB

 

မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ပြည်နယ်အစိုးရ အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့ဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံရဲ့ ဧည့်ခန်းမဆောင်မှာ နိုဝင်ဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီအချိန်က တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

မွန်ပြည်သစ်ပါတီအဖွဲ့ဟာ ပထမဆုံးအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်က စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့ကာ ၂၀၁၀ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမှာ ပျက်ပြယ်သွားခဲ့ပါတယ်။

ဒီနေ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံတာဟာ လစဉ်တွေ့ဆုံနေကြဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးမယ့် ကိစ္စလည်း ဆွေးနွေး ဖြစ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီမှ ပြည်တွင်းရေး တာဝန်ခံ နိုင်ဝင်းလှ က ပြောပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ''အဓိကတော့ မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် ဆွေးနွေးတာပါ။ နောက်တခုက အန်စီအေ လက်မှတ်ထိုးမယ်ကိစ္စမှာ သူ့တို့ဘက်က အခက်ခဲတွေကိုလည်း တင်ပြကြပါတယ်။ ဒီတခေါက်တွေ့ဆုံတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်လာတယ်လို့ပြောရမယ်။ ပြည်ထောင်စုက ဖြေရှင်းရမယ့်ကိစ္စကိုတော့ ကျနော်တို့ ပြည်ထောင်စုကို ပြန်လည်တင်ပြသွားပါမယ်” လို့ပြောပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက်ပိုင်းမှာ အရင် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နဲ့ ပြည်နယ်အတွင်း မကြာခဏတွေ့ဆုံခဲ့ကြပြီး အခုအစိုးရသစ် လက်ထက်မှာ ၃ ကြိမ်တိုင်တွေ့ဆုံခဲ့ပါတယ်။

အခုတွေ့ဆုံတာဟာ စတုတ္ထအကြိမ်မြောက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013