DVB Logo
Home
မြန်မာသတင်း
မောင်တောအကြမ်းဖက် ပြဿနာများကြောင့် ငါးလုပ်ငန်း ၅၀ ရာခိုင်နှုန်း ကျဆင်း
DVB
·
November 9, 2017
မောင်တောအကြမ်းဖက် ပြဿနာများကြောင့် ငါးလုပ်ငန်း ၅၀ ရာခိုင်နှုန်း ကျဆင်း
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောဒေသမှာ သြဂုတ် ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပြဿနာတွေကြောင့် ငါးဖမ်းဆီးရရှိမှု ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

ဒါ့အပြင် တရားမဝင်တဲ့နည်းတွေနဲ့ ငါးဖမ်းဆီးတာတွေ များလာတာကြောင့် ငါးသယံဇာတတွေ ရှားပါးလာနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါက်တာညွန့်ဝေက “ပြဿနာမဖြစ်ခင်ကတော့ ရခိုင်လူမျိုးတွေရော ဘင်္ဂါလီလူမျိုးတွေရော ငါးဖမ်းဆီးတယ်ပေါ့နော်။ ဖမ်းဆီးတာကျနေတော့ မောင်တောကုန်သွယ်ရေးစခန်းက သွားရောက်တာက ၅၀ ရာနှုန်းလောက်ကျသွားတယ်လို့ ပြောလို့ရပါတယ်။ အခုဘယ်လိုဖြစ်တယ်လဲဆိုတော့ ဘင်္ဂါလီလူမျိုးတွေက NVC ကတ်လို့ ခေါ်တဲ့ နိုင်ငံသားစိစစ်ခံခွင့်ကတ်ကို မကိုင်ဆောင်ကြဘူး၊ ပြီးတော့လည်း မှတ်ပုံတင်လည်း မရှိကြတဲ့သူက များတယ်။ ဒါကြောင့်မို့လို့ ပင်လယ်ပြင်ကို ထွက်လို့ မရဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ နော်ဝေနိုင်ငံရဲ့ ပညာရှင်တွေ လေ့လာချက်အရ ရခိုင်ပြည်နယ် အတွင်းမှာ ငါးသယံဇာတ ရေပေါ် ၁၀ ရာခိုင်းနှုန်းနဲ့ ရေအောက် ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိနေ တယ်လို့ ဆိုပါတယ်။ ဒါအပြင် အရင်ကထက် ငါးဖမ်းရရှိမှု ၇၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။

စစ်တွေမြို့နယ် ကျေးတော်ပိုက်ဆိပ်ကျေးရွာ ရေလုပ်သားဦးလှမောင်က ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းလောက် လျှော့သွားတာပေါ့။ အကုန်လုံး ငါးဖမ်းလို့မရတော့ဘူး။ အခုဆိုရင် ကျနော်တို့ တနိုင်တပိုင် ရေလုပ်သားတွေဟာ ကျနော်တို့မှာ ရရှိတဲ့ငါးတွေကို ဈေးကိုသွားပြီးတော့ ရောင်းတော့ တခေါက်ရောင်း ၄-၅ ပိဿာလောက်ရတယ်။ အရင်ဆိုရင်တော့ ၁၀-၉ နှစ်ကဆိုရင် ကိုယ့်ငါးတွေ ကိုယ်ရောင်းလို့ တောင်မနိုင်ဘူး။ အဲ့ဒီတုန်းက အများကြီးရတယ်။ အခုဆိုရင် အရင်လို ငါးတွေမရတော့ဘူး။ အားလုံးငါးတွေက ပျောက်သွား သလိုလိုဖြစ်နေပြီ”လို့ ပြောပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းမှာ ငါးမွေးမြူကန်တွေကို ဘဂါင်္လီလူမျိုးတွေက ဧက ၁ သောင်းခွဲဝန်းကျင် လုပ်ကိုင်ကြပြီး မောင်တောခရိုင်အတွင်းမှာတော့ တိုင်းရင်းသား ကျေးရွာတွေမှာ ရေချိုရေငန် ငါးလုပ်ငန်းတွေ တိုးမွေးမြူနိုင်တဲ့ ကန်တွေကိုလည်း တူဖော်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနဒေါက်တာညွန့်ဝေက “မောင်တောမြို့နယ်မှာ ရေငန်ပုစွန် ဧက ၁ သောင်းခွဲရှိတယ်။ အဲ့ဒီ ၁သောင်းခွဲမှာ ဘဂါင်္လီလူမျိုးတွေလုပ် ငါးဖမ်းကွက် ငါးမွေးမြူရေး ကန်တွေပေါနော်။ ငါးဆိုတာထက် ပုစွန်ပေါ့နော်။ ရေကန်ပုစွန် မွေးမြူတဲ့ကန်။ ဒီကန်တွေကိုလည်း တိုးချဲ့လုပ်ကိုင်ဖို့ မောင်တော်ခရိုင်တင်ပြထားတာတွေရှိပါတယ်။ ပြီးရင်တိုင်းရင်းသား ကျေးရွာ ၈၂ ရွာမှာ တရွာကို တဧကငါးကန်တွေ တူးဖော်ပေးဖို့ အဲ့ဒါကတော့ ရေချိုငါးမွေးဖို့၊ ရေချိုငါးမွေးဖို့ ဘူးသီးတောင်မှာ ငါးပိုင်းသားဖောက်စခန်းရှိတယ်။ ပြီးတော့ မောင်တောမှာ ကျေးရွာပိုင်တနိုင်တပိုင် သားဖောက်စခန်းပေါ့နော်။ ဒါလေးတွေရှိတယ်။ ဒါကိုပြည်နယ်အစိုးရကို တင်ပြပြီးတော့ ငါးသားဖောက်များများ ထုတ်နိုင်ဖို့အတွက်ကို လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်ပေးပါဆိုပြီးတော့ မောင်တောအတွက် ဆောင်ရွက်နေတာ တင်ပြထားတာရှိပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ငါးပုစွန်မွေးမြူရေးဧက ၁ သိန်းကျော်ရှိပြီး တဖက်မှာလည်း နည်းပညာအခက်အခဲနဲ့ ရှိနေပါတယ်။ ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံ ရေလုပ်ငန်းအတွက် ဒေါ်လာ ၁၀ သန်းကို ရင်းနှီးမြှုပ်သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ် ငါးလုပ်ငန်းအတွက် ၅ သန်းနဲ့ တနင်္သာရီတိုင်းအတွက် ၅ သန်းတို့ကို ရင်းနှီးမြှုပ်သွားဖို့ ရှိနေပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013