DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် တိုက်ပွဲကြောင့် ရွာသား ၃၀၀ ကျော် ထွက်ပြေး
DVB
·
November 9, 2017
ပလက်ဝတွင် တိုက်ပွဲကြောင့် ရွာသား ၃၀၀ ကျော် ထွက်ပြေး
Donate to DVB

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်း ကျေးရွာတွေက ကျေးရွာသား ၃၀၀ ကျော်ဟာ တပ်မတော်နဲ့ ရက္ခိုင်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရှင်းလက်ဝအောက်ရွာကို ၂၈၁ ဦး၊ အောက်ဘလိုင်ကျေးရွာကို ၈ ဦး၊ ဘဲဒင်ဝကျေးရွာကို ၈ ဦး၊ ကာရာမိတ်ကျေးရွာကို ၉ ဦး၊ မီးဇာကျေးရွာကို ၂ ဦးနဲ့  ဒိုးချောင်းဝကျေးရွာကို ၁ ဦး အသီးသီး တိမ်းရှောင်ခဲ့ကြတယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဘွဲက နိုဝင်ဘာ ၈ ရက်နေ့က နူံးဘူးကျေးရွာအနီး၊ ကုလားတန်မြစ်ထဲမှာ တပ်မတော်သားတွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေတစင်းကို ရက္ခိုင့်တပ်မတော် (အေအေ) က ပစ်လို့ ၁၇ ဦး သေဆုံးတယ်လို့ ပြောပါတယ်။

“အေအေက စစ်သားတွေရဲ့ စပိဘုတ်ကို လောင်ချာနဲ့ပစ်လို့ ၁၇ ယောက် ဆုံးသွားတယ်၊ ၆ ယောက် ဒဏ်ရာရတယ်။ နောက်ပြီး စက်မှုအထက်တန်းကျောင်းသားတယောက် သေဆုံးသွားတယ်။ ကလေးနဲ့ အမျိုးသမီး ဒဏ်ရာရတော့ ပလက်ဝ ဆေးရုံရောက်တယ်။”

ချင်းပြည်နယ်အစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ ကျေးရွာသားတွေဆီသွားပြီး အနီးကပ်လေ့လာဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

တပ်မတော်သားတွေ လိုက်ပါလာတဲ့ စက်လှေကို  ရက္ခိုင့်တပ်မတော် (အေအေ) က ပစ်ခတ်ခဲ့ကြောင်း အေအေဘက်က အတည်ပြုပြောဆိုပေမယ့် အရပ်သား သေဆုံး ဒဏ်ရာရမှုနဲ့ ပတ်သက်လို့တော့ တာဝန်ယူပြောဆိုခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013