DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကို ခရီးထွက်
DVB
·
November 9, 2017
ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကို ခရီးထွက်
Donate to DVB

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက  နေပြည်တော်လေဆိပ်ကနေ  မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ် နဲ့ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားတယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်မှာလုပ်မယ့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များနဲ့  အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲ တက်ရောက်မှာဖြစ်တယ်။

အဲဒီကတဆင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ  မနီလာမြို့မှာ ကျင်းပမယ့် (၃၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်မှာဖြစ်တယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်အဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013