DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးတွင် နယ်ထိန်းခေါင်းဆောင် သေနတ်ဖြင့် မိမိကိုယ်ကိုယ် သေကြောင်းကြံ
DVB
·
November 9, 2017
ကျောက်တံခါးတွင် နယ်ထိန်းခေါင်းဆောင် သေနတ်ဖြင့် မိမိကိုယ်ကိုယ် သေကြောင်းကြံ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းမှာ နိုဝင်ဘာ ၈ ရက် ညပိုင်းက ရဲအရာရှိတဦး သေနတ်နဲ့ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲမှူးရုံးက ပြောပါတယ်။
ကျောက်တံခါးမြို့မရဲတပ်ဖွဲစခန်းမှာ နယ်ထိန်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ်ရန်မျိုးအောင်ဟာ သူနေထိုင်ရာ လူပျိုဆောင်အရှေ့ဘက် ထိပ်အခန်းအပြင်ဘက်ရှိ အိပ်စင်ကြမ်းပြင်မှာ ယာနားထင်ဖောက်ထွက် ဒဏ်ရာတချက်၊ ၀ဲပါးဖောက်ထွက်ဒဏ်ရာတချက်နဲ့ လဲကျနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဖြစ်သွားတာကတော့ မှန်တယ်။ ခုစစ်ဆေးနေတုန်းပဲ။ ဘေးပယောဂါတော့ မပါပါဘူး။ သူ့စိတ်ခံစားမှုကြောင့်ဖြစ်တာ။ လောလောဆယ်တော့ ကျနော်တို့လည်း စစ်ဆေးနေတုန်းပဲလေ။ လူနာကတော့ အခုရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြော အထူးကြပ်မတ်ကုသဆောင်မှာ ကုသဆဲပေါ့။ အခြေအနေကတော့ ပြောမရဘူး။ ယာဘက်နားထင်ကနေဝင်တယ်။ ဘယ်ဘက်ပါးကနေ ပြန်ဖောက်ထွက်သွားတာ” လို့ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒုရဲအုပ်ရန်မျိုးအောင်ရဲ့ ဘေးက ၃၈ ဗို့ခြောက်လုံးပြူးသေနတ်နဲ့ပစ်ပြီး ကျည်ခွံတခု၊ သေနတ်အတွင်း မပစ်ရသေးတဲ့ ကျည်လေးတောင့်တို့ကို တွေရှိခဲ့ရပြီး ဒဏ်ရာရရှိသူ ဒုရဲအုပ်ရန်မျိုးအောင်ကို ကျောက်တံခါး ပြည်သူ့ဆေးရုံကတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသနေရတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲမှူးရုံးက ပြောပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013