DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်းမှ ပက်ထရိုနာ့စ်၏ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းရန် မလေးအမတ်များ တိုက်တွန်း
DVB
·
November 9, 2017
မြန်မာနိုင်ငံတွင်းမှ ပက်ထရိုနာ့စ်၏ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းရန် မလေးအမတ်များ တိုက်တွန်း
Donate to DVB

 

    မလေးရှား စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ ပက်ထရိုနာ့စ်ကို မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အဆုံးသတ် ရုပ်သိမ်းလိုက်ဖို့ မလေးလွှတ်တော်အမတ်တွေက တိုက်တွန်း လိုက်တယ်လို့ သည်စတားသတင်းတပုဒ်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖော်ပြပါတယ်။

    ဒါဟာ လက်ရှိ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့  ဘင်္ဂါလီဒုက္ခသည် အရေးကိစ္စတွေမှာ မြန်မာစစ်တပ်ရဲ့ ရှင်းလင်းနှိမ်နင်းမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံကနေ ရုပ်သိမ်းလာဖို့ ကုမ္ပဏီကို ပန်ကြားလွှာ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ဘဂါင်္လီဒုက္ခသည်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားချိန်အထိ မြန်မာနိုင်ငံမှာ လုပ်ငန်းရင်းနှီးမြှုပ်နှံထားတာတွေ အားလုံးကို ပြန်ရုပ်သိမ်းဖို့ တိုက်တွန်းတာဖြစ်တယ်လို့ ပန်ဒန်းပြည်နယ် လွှတ်တော်အမတ် ရာဖီဇီ ရမ်လီက လွှတ်တော်အဆောက်အဦတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ပက်ထရိုနာ့စ် ကုမ္ပဏီဟာ လတ်တလောမှာ မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ပြင်ထဲမှာ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းအပါအဝင် ဟိုက်ဒရိုကာဗွန် ထုတ်လုပ်ရေးစီမံကိန်းကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ဒီလှုပ်ရှားမှုဟာ စည်းရုံးလှုံ့ဆော်မှုအနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေအထိ မြန်မာနိုင်ငံတွင်းမှ ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြုရေးအတွက် ဖိအားပေးလုပ်ဆောင်သွားမယ်လို့ ရာဖီဇီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013