DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ မပြင်နိုင်သရွေ့ ငြိမ်းချမ်းရေးလမ်းစဉ် မအောင်မြင်နိုင်ဟု ဦးဉာဏ်ဝင်းပြော (ရုပ်သံ)
DVB
·
November 9, 2017
ဖွဲ့စည်းပုံ မပြင်နိုင်သရွေ့ ငြိမ်းချမ်းရေးလမ်းစဉ် မအောင်မြင်နိုင်ဟု ဦးဉာဏ်ဝင်းပြော (ရုပ်သံ)
Donate to DVB

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်သေးသရွေ့ အန်အယ်လ်ဒီအစိုးရက ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ် မအောင်မြင်နိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူပြီး ၂ နှစ်နီးပါးကာလအထိ ငြိမ်းချမ်းရေး လမ်းစဉ်ကို တစိုက်မတ်မတ် ဆောင်ရွက်နေပေမယ့်လည်း လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်သရွေ့ကတော့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရမဖြစ်ခင် ရွေးကောက်ပွဲကတိက၀တ်ထဲမှာ တိုင်းရင်းသားအရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးကို ပထမဦးစားပေးဆောင်ရွက်မယ်လို့ ကတိက၀တ်ပြုထားသလို တိုင်းရင်းသားပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေးကို ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရမဖြစ်ခင် ရွေးကောက်ပွဲကတိက၀တ်ထဲမှာ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ပထမဦးစားပေးဆောင်ရွက်မယ်လို့ ကတိက၀တ်ပြုထားသလို တိုင်းရင်းသားပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲ နေထိုင်ရေးကို အာမခံချက်ပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေးကို ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013