DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအသုံးနှုန်း ရှောင်ကြဉ်ပေးရန် ပုပ်ရဟန်းမင်းကြီးအား တိုက်တွန်းမည်ဟု ချားလ်စ်မောင်ဘိုပြော
DVB
·
November 9, 2017
ရိုဟင်ဂျာအသုံးနှုန်း ရှောင်ကြဉ်ပေးရန် ပုပ်ရဟန်းမင်းကြီးအား တိုက်တွန်းမည်ဟု ချားလ်စ်မောင်ဘိုပြော
Donate to DVB

မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကြဉ်ပေးဖို့ မြန်မာနိုင်ငံက ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုက နိုဝင်ဘာ ၈ ရက်က တောင်းဆိုလိုက်ပါတယ်။

"ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရ သုံးစွဲခြင်းကို အနည်းဆုံးတော့ ရှောင်ကြဉ်ထိန်းသိမ်းပေးဖို့ ကျနော်တို့ ပုပ်ရဟန်းမင်းကြီးကို တောင်းဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသုံးအနှုန်းဟာ သိပ်ကို အတိုက်အခံဖြစ်ရပြီးတော့ မြန်မာလူထုကရော၊ အစိုးရကရော၊ စစ်တပ်ကရော လက်မခံပါဘူး” လို့ ပုပ်ရဟန်းမင်းကြီး ဖှရန်စစ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ မြန်မာ့ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မသွားရောက်ခင် နိုဝင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး မြန်မာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရခိုင်ပြည်နယ်က မွတ်ဆလင်လူနည်းစုတွေ ကြုံတွေ့နေရတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲဒုက္ခကို ကူညီပေးနိုင်ဖို့ မျှော်မှန်းထာပြီး မွတ်ဆလင်အသိုင်းအဝိုင်းကို အကူအညီတွေ ထောက်ပံ့ပေးဖို့ ပြောကြားမယ်လို့ ကာဒီနယ် ချားလ်စ်ဘိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံ အစိုးရကြား ဆွေးနွေးမှုကနေ ဒုက္ခသည်အရေးကို ဖြေရှင်းနိုင်အောင် တိုက်တွန်းသွားဖို့ မျှော်လင့်ထားတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013