DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်း ၁၀ ခုတွင် မိုးရွာမည်
DVB
·
November 9, 2017
ပြည်နယ်နှင့်တိုင်း ၁၀ ခုတွင် မိုးရွာမည်
Donate to DVB

ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသဌာနက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်၊

မြန်မာ့ပင်လယ်ပြင် မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ အရှေ့ဘက်က လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးမယ်၊

အရှေ့ဘက် လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်ကနေ  မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်၊

မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၆ ပေကနေ ၉ ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်တို့မှာ ၃ ပေကနေ ၅ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013