DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 8, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဆန် (ချော)

ပြည်တွင်းစားသုံးမှုပိုများတဲ့ ပေါ်ဆန်း ဆန်သစ်တွေ ပေါ်လာပြီး ဈေးအနည်းအငယ် ကျဆင်းနေပါတယ်။ ပေါ်ဆန်း ဆန်သစ်က တအိတ်ကို ကျပ် ၃၃,၀၀၀ ကနေ ၃၄,၅၀၀ ပေါက်ဈေးရှိပါတယ်။ တအိတ်ကို ကျပ် ၅၀၀ လောက် ဈေးကျသွားတာဖြစ်ပါတယ်။

ဆန်ကြမ်း

နွေသီးထပ်ဆန်နဲ့ ရက် ၉၀ ဆန်အသစ်တွေ ပေါ်လာပေမယ့် အတက်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဆန်ကြမ်းက ပြည်ပဝယ်လက်လိုက်နေပြီး တတင်းကို ကျပ် ၂၄,၀၀၀ ကနေ ၂၄,၅၀၀ ထိ ပေါက်ဈေးရှိပါတယ်။ တအိတ်ကို ကျပ် ၁,၀၀၀ လောက် ဈေးတက်လာပါတယ်။

မတ်ပဲ

ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ပေါက်ဈေးအရ မတ်ပဲကတော့ တတန်ကို ကျပ် ၄၈၇,၀၀၀ ပေါက်ဈေးရှိနေပြီး မနေ့ကထက် ကျပ် ၁၂,၀၀၀ ဈေးတက်သွားပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ကျပ် ၉၃,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ကျပ် ၂,၀၀၀ လောက် ဈေးလျော့သွားပါတယ်။

ပဲစင်းငုံနီ(RC)

ပြည်ပတင်ပို့တဲ့ ပဲတမျိုးဖြစ်တဲ့ ပဲစင်းငုံနီ RC ကတော့ တတန်ကို ကျပ် ၃၃၈,၀၀၀ ပေါက်ဈေးရှိနေပြီး မနေ့ကထက် ကျပ် ၁၀,၀၀၀ လောက် ဈေးတက်သွားပါတယ်။

အာလူး

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ပေါက်ဈေးအရ အာလူးတပိဿာကို အမြင့်ဆုံး ကျပ် ၉၀၀ ထိ ပေါက်ဈေးရှိခဲ့ရာမှ ဒီကနေ့မှာတော့ တပိဿာကို ကျပ် ၇၅၀ ပေါက်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေပြီး ကျပ် ၁၅၀ လောက် ဈေးကျဆင်းသွားပါတယ်။

ထန်းလျက်

မနေ့က ကျပ် ၁,၉၀၀ ထိ အမြင့်ဆုံးဈေးရှိခဲ့တဲ့ ထန်းလျက်ကတော့ ဒီကနေ့မှာ ကျပ် ၁,၇၃၀ ထိ ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျပ် ၁၇၀ လောက် ဈေးကျဆင်းသွားပါတယ်။

ဂျုံ

မန္တလေးကုန်စည်ဒိုင်ရဲ့ ပေါက်ဈေးတွေအရ ဂျုံ ၆၀ ပိဿာဝင်တအိတ်ကို အမြင့်ဆုံး ကျပ် ၆၁,၀၀၀ ကနေ ၆၀,၀၀၀ ဈေးကျသွားပြီး တအိတ်ကို ကျပ် ၁,၀၀၀ လောက် ဈေးကျသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013