DVB Logo
Home
မြန်မာသတင်း
တယ်လီဖုန်းဘီလ်အခွန် တလကျပ်သန်း ၉ ထောင်ခန့် အများဆုံးရရှိထား
DVB
·
November 8, 2017
တယ်လီဖုန်းဘီလ်အခွန် တလကျပ်သန်း ၉ ထောင်ခန့် အများဆုံးရရှိထား
Donate to DVB

 

တယ်လီဖုန်းဘီလ်ကနေ ဖြတ်တောက်ရရှိတဲ့ အခွန်ဟာ တလကို ကျပ်သန်း ၉ ထောင် လောက်အထိ အများဆုံးရတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။

ဖုန်းဘီလ်ခွန်ကို ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ကောက်ခံခဲ့တာဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် အဖြစ် ၅ ရာခိုင်နှုန်း ကောက်ခံနေတာပါ။

ဦးမင်းထွဋ်က “အများဆုံးကတော့ တလကို ကျပ်သန်း ၉ ထောင်လောက်ရပါတယ်။ အနည်းဆုံး ရတဲ့လမှာ ကျပ်သန်း ၆ ထောင်လောက် ရှိပါတယ်။ ပျမ်းမျှကတော့ ကျပ်သန်း ၇ ထောင်ကျော် လောက် ရပါတယ်” လို့ ပြောပါတယ်။

အခွန်တွေစကောက်တဲ့ ပထမဆုံးလမှာရတဲ့အခွန်တွေကို ပညာရေးကဏ္ဍအတွက် သုံးစွဲခဲ့တာပါ။  ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ သမ္မတဦးထင်ကျော်က ဖုန်းဘီလ်က ကောက်ခံရရှိတဲ့ အခွန်ကျပ်ငွေ သန်း ၇၅၀၀ ကို ပညာရေးအတွက် စတင်သုံးစွဲနေတဲ့အကြောင်း အစိုးရသစ် လက်ထက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောပါတယ်။

နောက်ပိုင်းမှာတော့ ရတဲ့ အခွန်အားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲကို ပေးနေတယ်လို့ ဦးမင်းထွဋ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013