
တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ နိုဝင်ဘာ ၇ ရက်နေ့ည ၇ နာရီအချိန်မှာ ခြောက်ဘီး ယာဉ်အတွင်း ဖွဲအိပ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ တရားမဝင်ကျွန်းယောင်ခြမ်း ၄ တန် ကာလတန်ဖိုးသိန်း ၂၀ ကျော်ကို တရားခံ ၃ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက ပြောပါတယ်။
"ပဲခူးတိုင်းဘက်ကနေ ကျနော်တို့ကိုဖုန်းဆက်ပြီး အပေါ်မှာ ဖွဲအိပ်တွေ တင်ထားတဲ့ ခြောက်ဘီးကားတစ်စီး သတင်းအရ ရှာတာကို ရပ်မပေးဘဲ မောင်းပြေးသွားတယ်လို့ ပြောလို့ ကျနော်တို့စခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လှိုင်မင်းထွန်း ဦးဆောင်ပြီး စခန်းရှေ့မှာ စောင့်နေတာ ကားကို တွေ့လို့တားတော့ ရပ်မပေးဘဲ မောင်းပြေးတယ်၊ ဒါနဲ့ လိုက်ဖမ်းပါတယ်။ ရထားလာလို့ လမ်းပိတ်ချိန်နဲ့တိုးတော့ ကားကဆက်မောင်းလို့မရတော့ဘူး၊ ကားရပ်ပြီး လူတွေဆင်းပြေးချိန် ၀ိုင်းဖမ်းတော့ ယာဉ်မောင်းအောင်ဇော်၊ ယာဉ်ပေါ်ပါ ကျော်မင်းထက်၊ အောင်သိန်း(ခ)ကြံသိုး ၃ဦးကိုဖမ်းစီးရမိခဲ့ပါတယ်" လို့ အမူစစ် ဒုရဲအုပ်ဝေဖြိုးလင်းက ပြောပါတယ်။
တရားမဝင်ကျွန်းသစ်ခွဲယောင်ခြမ်းနဲ့ ဖမ်းဆီးမိသူတွေကို ယာဉ်ဥပဒေပုဒ်မ၄၇ (ခ)၊ သစ်တောဥပဒေ ပုဒ်မ ၄၃ (က) တို့နဲ့ ဥက္ကံနယ်မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ တိုက်ကြီးမြို့နယ်သစ်တော ဦးစီးဌာနက ပြောပါတယ်။
သတင်း - မေသွယ်











