Homeရုပျသံ
ခွန်တန်ကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေဟု သူရဦးအောင်ကို ပြော (ရုပ်သံ)
ခွန်တန်ကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေဟု သူရဦးအောင်ကို ပြော (ရုပ်သံ)
နေဖြိုးဝင်း
·
November 8, 2017

ခွန်တန်ကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားလွှတ်တော်မှာ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည်ဖြေဆိုတာပါ။
“ခွန်တန် တိမ်းရှောင်နေပါတယ်။ သမီးရှင်တဦးရဲ့ ဖခင်က မွန်ပြည်နယ် အစိုးရထံမှာ တိုင်ကြား အမှုဖွင့်ထားပါတယ်။ သို့သော် သမီးရဲ့အမေနဲ့ သမီးကိုယ်တိုင်ကတော့ ကန့်ကွက်ထား ပါတယ်။ သူတို့က အမှုဖွင့်တာကို လက်မခံပါဘူး။ ဘယ်လိုဖြစ်နေလည်းဆိုတော့ ကာယကံရှင် တွေ ကိုယ်တိုင်က လက်ခံနေပါတယ်။ တရားဥပ ဒေကြောင်းအရ အရေးယူဆောင်ရွက်သင့်တဲ့ အမှုကိစ္စ ဖြစ်ပါတယ်။ တကယ်လို့များ ကာယကံရှင်က ငြင်းဆိုမယ်၊ သက်သေကလည်း ခွန်တန်ဘက်က လိုက်မယ်ဆိုရင် တရားရုံးတော်မှာ စွဲဆိုမှုအခက်အခဲဖြစ်နိုင်ပါတယ်။ သို့သော် လည်း ပြေးမလွတ်တဲ့အချက်တချက်ကတော့ ဗုဒ္ဓသာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)နဲ့ဆို ရင်တော့ ပြေးမလွတ်ပါဘူး။ ဒါကြောင့် ခွန်တန်ကို ၂၉၅(က)နဲ့ ထိရောက်စွာ အရေးယူသွားဖို့ ညှိနှိုင်းဆောင် ရွက်လျက်ရှိပါတယ်။ ထောင်ဒဏ် ၃ နှစ်လောက် ကျခံနိုင်မှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျဖို့ပဲ လိုပါတယ်။ ပြစ်ဒဏ် နည်းများက အဓိက မဟုတ်ပါဘူး ” လို့ သူရဦးအောင်ကိုက ပြောပါတယ်။
ဒါ့အပြင် အလံတရာနယ်မြေမှာ သန့်ရှင်းတည်တံ့ပြီး သိက္ခာသမာဓိ၊ ပညာတို့နဲ့ ပြည့်စုံတဲ့ ဂေါပကအသစ်ပြန်ဖွဲ့ဖို့ အတွက်ကိုလည်း မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းပြောဆိုထားပါတယ်။
“ပထမအဆင့်က ခွန်တန်ကိစ္စ ရှင်းရမယ်။ နံပါတ် ၂ က ခွန်တန်ကိုထောက်ခံသူနဲ့ ခွန်တန် ကို ကန့်ကွက်သူတွေရဲ့ သဘောထားကွဲပြားမှုက တော်တော်ကြီးမားပါတယ်။ အဲဒါတွေကို ပြေလည်အောင် စေ့စပ်ညှိနှိုင်း ဖြေရှင်းဖို့က အဓိကဖြစ်နေပါတယ်။ အဲ့ကျမှသာလျှင် သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ တစ်ခုတည်း သောဂေါပကကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ခွန်တန်ကို မိမှာပါ ” လို့ ဆိုပါတယ်။