DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ကားကြီးကွင်းအနီး ခိုက်ရန်ဖြစ် ပစ္စည်းလုယက်မှု အမှုဖွင့်တိုင်တန်း
DVB
·
November 8, 2017
ကလေးမြို့ကားကြီးကွင်းအနီး ခိုက်ရန်ဖြစ် ပစ္စည်းလုယက်မှု အမှုဖွင့်တိုင်တန်း
Donate to DVB

 

ကလေးမြို့ တပ်ဦးသီတာရပ်ကွက် အဝေးပြေးကားကြီးကွင်းအနီးမှာ ခိုက်ရန်ဖြစ်ပွားကာ ဆိုင်ကယ်တွေကို ဖျက်ဆီး လုယူမှုနဲ့ပတ်သက်ပြီး အမှုဖွင့်တိုင်တန်းထားတယ်လို့ ကလေးမြို့မရဲစခန်းက ပြောပါတယ်။

“ဖြစ်တာက အရက်ဆိုင်မှာ အရက်သောက်ဖို့ တရားလိုဘက်က ဆိုင်အ၀င်ဝမှာ လူနှစ်ယောက်နဲ့ တိုက်မိပြီး စကားများရန်ဖြစ်တာကနေ ဆိုင်ထဲက နောက်ထပ်လူတွေထွက် လာပြီး ၀ိုင်းရိုက်တာနဲ့ တရားလိုက ထွက်ပြေးခဲ့တာ ဆိုင်ကယ် ၂ စီးကျန်ခဲ့တယ်။ တစီးကတော့ မီးရှို့ထားတာ အကုန်ပျက်စီးတယ်။ တစီးကတော့ ထားတဲ့နေရာမှာ မတွေ့တော့ဘူး”လို့ ကလေးမြို့မရဲစခန်းက ရဲအုပ်သိန်းဆောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်နေ့ည ၉ နာရီခွဲလောက်က ခိုက်ရန်ဖြစ်ပွားခဲ့မှုမှာ မီးရှို့ဖျက်ဆီးခံရတဲ့ ဆိုင်ကယ်အမျိုးအစားဟာ India နိုင်ငံထုတ် FZ အမျိုးအစားဖြစ်ပြီး တန်ဖိုး ၁၅ သိန်းကျော်နဲ့ ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ်ကတော့ ဒိုင်ယန်းအမျိုးအစားဖြစ်ပြီး တန်ဖိုးသုံးသိန်းကျော်ရှိကာ စုစုပေါင်း သိန်း ၂၀ နီးပါးလောက် ဆုံးရှုံးခဲ့ရပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် တရားလိုဖြစ်သူ အတာဆိုသူအပါအ၀င် ကျော်လင်းခိုင် စောမင်းထက်ဆိုတဲ့ ကလေးမြို့ ညောင်ပင်သာရပ်ကွက်နေ အမျိုးသားသုံးဦးတို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံမှာ စိုးရိမ်ဖွယ်မရှိတဲ့ အခြေအနေနဲ့ ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

အခုလို ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပစ္စည်းများ ဖျက်ဆီးလုယူသွားသူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိခဲ့ပဲ ကလေးမြို့ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းဆဲအခြေအနေမှာရှိနေပြီး အဲ့ဒီ ဖျက်ဆီးလုယက်ခိုက်ရန်ပြုသူတွေကို ညောင်ပင်သာရပ်ကွက်နေ အတာဆိုသူက တရားလိုပြု အမှုဖွင့်တိုင်တန်းထားပြီး (ပ) ၄၄၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၄၃၅/၃၂၃/၁၁၄ တို့နဲ့ ရဲအုပ်သိန်းဆောင်ကိုယ်တိုင် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013