Home
အနုပညာ
မြို့မအပျော်တမ်းတူရိယာအသင်းကြီး စတူဒီယိုဖွင့်ပွဲ မန္တလေးတွင် ကျင်းပ
DVB
·
November 8, 2017
23376388_1345637315564515_4415535616977753335_n
23244457_1345637412231172_7180367569371632717_n
23231485_1345637332231180_1257940841633540377_n
23231336_1345637325564514_576772220326443131_n
23172915_1345637395564507_8107940574294697471_n
  ၁၉၂၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ မန္တလေးမြို့က မြို့မအပျော်တမ်းတူရိယာအသင်းကြီး ကိုယ်ပိုင်စတူဒီယိုဖွင့်ပွဲကို မြို့မအသင်းတိုက်မှာ ဒီနေ့ မနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြို့မအသင်းက အတီးသမားတွေ၊ အဆိုသမားတွေ အရည်အချင်း တက်လာဖို့နဲ့ လေ့ကျင့်ဖို့အတွက် စတူဒီယိုတခုရှိဖို့ လိုအပ်နေတာကြာပြီဖြစ်ပေမယ့် ရုန်းကန်နေရတဲ့ အနေအထားကြောင့် ၂၀၁၆ ခုနှစ်မှာ အစည်းအဝေးတရပ်ပြုလုပ်ပြီး မြို့မစတူဒီယိုကို တည်ဆောက်ခဲ့တာလို့ အသင်းဥက္ကဋ္ဌဒေါက်တာလှခိုင်က ပြောပါတယ်။ အပြင်က လာရောက် အသံသွင်းမယ်ဆိုပါကလည်း တစ်ဂျူတီ ၄ သောင်းနှုန်းနဲ့ လက်ခံ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကိုတော့ ဘဏ်မှာအပ်ထားပြီး အသင်းအတွက် လိုအပ်မယ့်အရာတွေကို ဖြည့်ဆည်းသွားမယ်လို့ ဆိုပါတယ်။ မြို့မအပျော်တမ်း တူရိယာအသင်းကြီးက လက်ရှိအချိန်မှာတော့ ၉၂ နှစ်ရှိနေပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024