DVB Logo
Home
မြန်မာသတင်း
ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများအတွက် စရိတ်ထုတ်မပေး၍ အခက်ကြုံ
DVB
·
November 8, 2017
ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများအတွက် စရိတ်ထုတ်မပေး၍ အခက်ကြုံ
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ  ပညာရေးဖွံ့ဖြိုးတိုးတက်လာစေဖို့ ကျောင်း ၁၀ ကျောင်းရှိ ဆရာဆရာမတွေ စုစည်းကာ ကျောင်းတကျောင်းမှာ အလှည့်ကျ တလတကြိမ် ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့စရိတ်ကို ဌာနက ထုတ်မပေးသေးတာကြောင့် ဆက်လုပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ မြို့နယ်ပညာရေးရုံးက ပြောပါတယ်။

ဒုပညာရေးမှူး ဦးကျော်မြင့်က "SCIP ခေါ်တဲ့ School Cluster Improvement Plan ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းများ စုဝေးဆွေးနွေးခြင်းကို ကမ္ဘာ့ဘဏ်နဲ့ဝန်ကြီးဌာနပေါင်းပြီး လုပ်ခိုင်းတယ်၊ စရိတ်ထုတ်ပေးမယ်ပေါ့၊ ကျောင်း ၇ ကျောင်းအောက် စုစည်းရင် ၁ သိန်းကျော် ၇ ကျောင်းအထက်ဆို ၂ သိန်းကျော် စရိတ်ပေးမယ် ပြောတယ်။ တနိုင်ငံလုံးမှာ မြို့နယ် ၈၀ ပဲလုပ်တယ်။ ၂၀၁၇/၁၈စ သင်နှစ်စကတည်းက လုပ်လာတာ ၅ လ ၅ ကြိမ်ရှိနေပြီ၊ အခုထိ ပိုက်ဆံမရသေးတော့ ဝန်ထမ်းတွေကလည်း ခဏခဏလာပြောနေတယ်၊ တိုင်းရုံးမှာလုပ်တဲ့ လကုန်အစည်းအဝေးတိုင်းလည်း တင်ပြတာ ၃ ကြိမ်ရှိပြီ၊ ဘာမှ မထူးသေး မရသေးဘူး။ ဆရာတွေကို ဆက်လုပ်ပါ ခိုင်းနေရပေမယ့် သူတို့ပိုက်ဆံစိုက်လုပ်နေရတော့ အခက်အခဲဖြစ်တာပေါ့" လို့ ပြောပါတယ်။

ဝမ်းတွင်းအုပ်စု ဆရာ ဦးဟန်ဝင်းအောင်က "ကျနော်တို့အုပ်စုမှာ ကျောင်း ၁၀ ကျောင်းကျော်ပါတယ်။ တမြို့နယ်လုံးဆို ၁၆ အုပ်စုရှိတယ်၊ အလှည့်ကျစနစ်နဲ့လုပ်တယ်။ ၁ လ ၁ ကျောင်း စာသင်နှစ်အတွင်း ၁၀ လရှိတော့ ၁၀ ကျောင်းလှည့်လုပ်မယ်၊ အခုတော့ အလှည့်ကျကျောင်းက တနေကုန်စားသောက်စရိတ်ကို တာဝန်ယူလုပ်ခိုင်းရတယ်။ ဆရာဆရာမ ၁၀၀ ကျော်လောက်ကို ကျွေးမွေးရတာ အခက်အခဲရှိတာပေါ့" လို့ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း စာသင်ကျောင်း ၁၆၈ ကျောင်းရှိပြီး ဆရာအင်အား ၁၇၀၀ ကျော်ရှိပါတယ်။ ဆရာဆရာမတွေ စုစည်းပြီး သင်ကြားပြတဲ့ နည်းစနစ် သင်ထောက်ကူ လုပ်ဆောင်ပုံ စတဲ့ သင်ကြားရေး ဖွံ့ဖြိုးတိုးတက်စေမယ့် အကြောင်းအရာတွေ ဆွေးနွေးတာ၊ အခက်အခဲတွေ ဝိုင်ဝန်းဖြေရှင်းတာတွေ၊ ပူးပေါင်းလုပ်ဆောင်မှုနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013