DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူ ၃ ဦးကို ဖမ်းဆီး
DVB
·
November 8, 2017
ငပုတောတွင် ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူ ၃ ဦးကို ဖမ်းဆီး
Donate to DVB

 

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဂုံးချောင်းကျေးရွာမှာ ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သူတို့ကို ဆင်သတ်ဂိုဏ်းနဲ့ဆက်သွယ်မှုရှိကြောင်း ရွာမှာသတင်းဖြန့်ခဲ့တဲ့အတွက် သတ်ခဲ့တာဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ နိုဝင်ဘာ ၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကတော့ အောက်တိုဘာ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်လောက်က ဂုံးချောင်းကျေးရွာသား စောဝင်းရွှေဟာ ဖုန်းအားသွင်းဖို့အတွက် ဘတ္တရီကို နေအိမ်ကနေ အနားမှာရှိတဲ့ ဆည်ကိုသွားပြီးအယူ လမ်းမှာ ခေါင်းဖြတ် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့လိုအသတ်ခံရမှုအတွက် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားတဲ့ အလောင်းနားမှာကျန်ခဲ့တဲ့ ဓားအိမ်တစ်ခုကို ခြေရာခံပြီး သံသယတရားခံ စောလူအေးကို အောက်တိုဘာ ၃၀ ရက်နေ့က စတင်ဖမ်းဆီးစစ်ဆေးရာမှာ ဝန်ခံထွက်ဆိုခဲ့ပြီး ပူးပေါင်းပါဝင်သူ ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

“သူတို့ကို ချုပ်ရက်ရမန်ယူ စစ်ဆေးနေပြီး တရားစွဲဆိုတင်ပို့နိုင်အောင် ဆက်စပ်သက်သေ ပစ္စည်းတွေစုံအောင် လုပ်နေပါတယ်။ သေဆုံးသူက ရွာမှာ မီးသွေးဖုတ်တာတို့၊ ဆင်သတ် ခံရတာတို့၊ အမှုအခင်းတွေမှာဆိုလည်း ရဲကိုတိုင်မယ်တို့၊ ဘာတို့တွေ ခြိမ်းခြောက်တာရှိတော့ မုန်းတဲ့သူတွေရှိတယ်။ အခုသတ်ခဲ့တဲ့သူတွေနဲ့လည်း အမှုတခုနဲ့ပတ်သက်ပြီး ရန်ငြိုးထားတာ ရှိတယ်။ အဲ့ဒါကြောင့်သတ်တာပါ။”

ရဲစခန်းမှာ ဝန်ခံထွက်ဆိုခဲ့သူ ဂုံးချောင်းရွာသား စောလူအေးဟာ အခင်းဖြစ်ညက သေဆုံးသူ စောဝင်းရွှေကို ဝင်လုံးပြီး ချုပ်ပေးခဲ့ကာ သူရဲ့ညီဖြစ်တဲ့ သားငယ်နဲ့ သူငယ်ချင်းဖြစ်တဲ့ တင်ကိုဝင်းတို့က ဓားနဲ့ဝင်ထိုးကာ သတ်ဖြတ်ခဲ့ပြီး ချောင်းထဲကျသွားတဲ့ အချိန်မှာတော့ သားငယ်ကနေ မသေမှာစိုးတဲ့အတွက် ခေါင်းဖြတ်ခဲ့ရာမှာ ဓားအိမ်ပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့စစ်ဆေးပေါ်ပေါက်ချက်တွေအရ သိရပါတယ်။

“သတ်တဲ့သူတွေက အတူတူ မီးသွေးဖုတ်လုပ်ငန်းကို လုပ်နေကြတဲ့သူတွေပါ။ သတ်တဲ့နေ့ ကလည်း ဆိုင်ကယ်တက္ကစီသမားတယောက်ဆီက မင်းတို့ ၃ ယောက်ကို ဆင်သတ်အဖွဲ့တွေနဲ့ ပေါင်းပြီး စီးပွားရှာနေတယ်လို့ ပြောပြတာကိုကြားပြီး ဒေါသဖြစ်လို့ တိုင်ပင်ကြပြီး ဓာတ်မီးကိုယ်စီ ဓားကိုယ်စီယူပြီး စောဝင်းရွှေ လာမယ့် လမ်းမှာစောင့်ပြီး သတ်ခဲ့တာပါ” လို့ ဂုံးချောင်းကျေးရွာနေ စောထွန်းလင်းက ပြောပါတယ်။

ဖြစ်စဉ်အရ စောဝင်းရွှေကို ခေါင်းဖြတ်သတ်ခဲ့တဲ့ စောလူအေး သားငယ်နဲ့တင်ကိုဝင်းတို့ကို ငပုတောမြို့မရဲစခန်းက (ပ)၃၄၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013