DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်လက်မှတ်ရေးထိုးရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် ယူအန်အက်ဖ်စီ ဆွေးနွေး
DVB
·
November 8, 2017
အပစ်ရပ်လက်မှတ်ရေးထိုးရေး ငြိမ်းချမ်းရေးကော်မရှင်နှင့် ယူအန်အက်ဖ်စီ ဆွေးနွေး
Donate to DVB

 

အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ရယ်ကောင်စီ (ယူအန်အက်ဖ်စီ)က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (DPN) နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ရှစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ NRPC ရုံးမှာ ပြုလုပ်နေပါတယ်။

အခုတကြိမ်တွေ့ဆုံဆွေးနွေးပွဲမှာ အဆိုပြုချက်ရှစ်ချက်ထဲက အချက်(၅) ဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စကိုသာမက အဆိုပြုချက် (၁)၊ (၂) နဲ့ (၈) အပါအဝင် ကျန်ရှိနေတဲ့ အဆိုပြုချက်တွေကို ထပ်မံဆွေးနွေးသွားမယ်လို့သိရပါတယ်။

အခုဆွေးနွေးပွဲကို DPN ခေါင်းဆောင် ခူဦးရယ် ဦးဆောင်ပြီး ကိုယ်စားလှယ်အားလုံး စုစုပေါင်း (၉) ဦးအပြင် တပ်ဘက်ဆိုင်ရာကိုယ်စားလှယ် (၄) ဦးနဲ့ ရုံးအဖွဲ့ဝင်တွေ တက်ရောက်နေကြပါတယ်။

နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (DPN) နဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC)တို့ ၁၅ လကျော်ကြာ တွေ့ဆုံဆွေးနွေးပွဲခဲ့ပြီးဖြစ်ပါတယ်။

အခုဆွေးနွေးပွဲကို ယူအန်အက်ဖ်စီနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် နောက်ဆုံး ဆွေးနွေးပွဲဖြစ်အောင် ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013