DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ကျွှဲကျောင်းသည့် အမျိုးသားတဦး အသတ်ခံရ
DVB
·
November 8, 2017
ရေးမြို့နယ်တွင် ကျွှဲကျောင်းသည့် အမျိုးသားတဦး အသတ်ခံရ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ နှစ်ကရင်ကျေးရွာ ဝယ်ဟရီစားကျက်လယ်ကွင်းစပ် ရေချောင်းဘေးမှာ အသတ်ခံထားရတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသားတဦးကို တွေ့ရှိခဲ့တယ်လို့ လမိုင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးဦးကံထွန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေက နှစ်ကရင် ကျေးရွာနေ မဖြူဝင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုဌေးအောင်ဟာ ကျေးရွာ ဝယ်ဟရီ စားကျက်လယ်ကွင်းမှာ ကျွဲကျောင်းဖို့ နေအိမ်မှ ထွက်ခွာသွားပြီး ညနေ ၄ နာရီခွဲအထိ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ဇနီးဖြစ်သူက အခုလို လာရောက်သတင်းပို့ အတူရှာဖွေရာမှ အသတ်ခံရတာကို တွေ့ရတာဖြစ်တယ်လို့ အမှုစစ်ရဲအရာရှိ ရဲအုပ်နိုင်ဝင်းသိန်းက ပြောပါတယ်။

ကိုဌေးအောင်ဟာ လည်ပင်းမှာ ၃ လက်မလောက် ပြတ်ရှဒဏ်ရာ၊ ဝဲမျက်ခုံးပေါက်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

သေဆုံးသူ ကိုဌေးအောင်မှာ နေအိမ်ကနေ နိုဝင်ဘာ ၅ ရက်နေ့ မနက် ၆ နာရီကနေ ကျွှဲကျောင်းဖို့အတွက် ထွက်ခွာသွားပြီး နောက်နေအိမ်ကို ညနေမိုးချုပ်အထိ ပြန်လည် မရောက်ရှိလာဘဲ အသတ်ခံရကာ ဇနီးဖြစ်သူ မဖြူဝင်းက စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်က လမိုင်းနယ်မြေရဲစခန်းထံကို လာရောက်တိုင်တန်းခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး လမိုင်းနယ်မြေရဲစခန်းမှ အမှုကြီးအမှတ်စဉ်( ၃/၂၀၁၇ ) ( ပ )၅၂/ ၂၀၁၇  ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ နိုဝင်ဘာ ၇ ရက်နေ့က ညနေ ၄ နာရီ ၃၅ မိနစ်အချိန်က အမှုဖွင့်အရေးယူထားပြီး လူသတ်တရားခံအား အမြန် ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013