Home
မြန်မာသတင်း
တရားမဝင် သစ်ခွဲသား၊ သစ်ခွဲစက်၊ သစ်ဆွဲဆင် ၁ ကောင်နှင့် လူ ၃ ဦး ဖမ်းမိ
DVB
·
November 8, 2017
23376190_837501639762126_1283110651927524494_n
23319379_837501503095473_3890905933740785464_n
23316601_837501699762120_1620502757915037122_n
23244572_837501556428801_5169402223922313422_n
23231439_837501683095455_4185673647001578040_n
23172801_837501576428799_7178587834014427140_n
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြိုနယ်၊ ဟဲချိန်ကျေးရွာနဲ့ ၁ မိုင်ကျော်လောက်အကွာ ကလာပ် သစ်တောကြိုးဝိုင်းအတွင်း နိုဝင်ဘာ ၆/ ၇ ရက် နှစ်ရက် ဆက်တိုက် တရားမဝင် သစ်ခွဲစက် ၁ လုံး၊ သစ်ခွဲသားတွေ၊ သစ်ဆွဲဆင် ၁ ကောင်နဲ့အတူ လူ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကသာခရိုင် သစ်တော ဦးစီးဌာနက ဒီဗွီဘီကို ပြောပါတယ်။ ကသာခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်ပြီး ဗန်းမောက်မြို့နယ် သစ်တောအဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့၊ မံထုံ ရဲကင်းမှ နယ်မြေခံ ရဲတပ်ဖွဲ့တို့နဲ့အတူ ကလာပ် သစ်တောကြိုးဝိုင်း အကွက် ၁၂ အတွင်း တရားမဝင် သစ်ခွဲစက် လည်နေကြောင်း သတင်းအရ တောနင်းရှာဖွေရာမှ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ တရားမဝင် သစ်ခွဲစက် ၁ လုံး၊ ဆက်စပ်ပစ္စည်းမျိုးစုံ၊ ချိန်းဆော ၁ လက်၊ ကျွန်းသစ်လုံး ၁၀၀ (သစ်တန် ၂၉ တန်ခန့်)၊ ကျွန်းခွဲသား ဆိုက်စုံ အချောင်း ၁၈၀၀ (သစ်တန် ၁၃ တန်ခန့်) ပုဂ္ဂလိက သစ်ဆွဲဆင် ၁ ကောင်နဲ့ လူ ၃ ဦးတို့ကို ဖမ်းမိခဲ့တာပါ။ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သစ်ခွဲစက်၊ သစ်ခွဲသားတွေနဲ့ သစ်ဆွဲဆင် ၁ ကောင်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သက်ဆိုင်ရာ သစ်တောဌာနကို ရွှေ့ပြောင်းသယ်ယူ ထိန်းသိမ်းထားနိုင်ဖို့ ဆောင်ရွက်နေပြီး လူ ၃ ဦးကို သစ်တောရေးရာ ဥပဒေနဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။ သီဟဆွေ(ကသာ)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024