DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် တရားဝင်ကုန်သွယ်မှုဖြစ်ရန် ဒုသမ္မတ တိုက်တွန်း
DVB
·
November 8, 2017
မြန်မာ-ထိုင်းနယ်စပ် တရားဝင်ကုန်သွယ်မှုဖြစ်ရန် ဒုသမ္မတ တိုက်တွန်း
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် တရားမ၀င် ကုန်သွယ်မှုတွေကို တရားဝင်ကုန်သွယ်မှုဖြစ် လာအောင် ဆောင်ရွက်ဖို့  ဒုတိယသမ္မတ ဦးမြင့်ဆွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၇ ရက်က မြ၀တီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကုန်သည်လုပ်ငန်းရှင်တွေ၊ ကုန်သည်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒုတိယသမ္မတက တရားမ၀င်ကုန်သွယ်မှုတွေကို အဆင့်ဆင့်ကြီးကြပ်ပြီး ထိထိရောက်ရောက်တားဆီးဖို့  သွင်းကုန်အစားထိုး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

မြ၀တီကုန်သွယ်ရေးဇုန်ဟာ မြ၀တီမြို့နဲ့ ၆ ဒသမ ၅ မိုင်အကွာမှာရှိတဲ့ စံတုကုန်း ဒေသမှာ တည်ရှိပြီး ကုန်သွယ်ရေးဇုန်ကို ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ကုန်သွယ်ရေး လုပ်ငန်းတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013