DVB Logo
Home
မြန်မာသတင်း
အခြေခံကောင်းသည့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရန် သမ္မတ တိုက်တွန်း
DVB
·
November 7, 2017
အခြေခံကောင်းသည့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရန် သမ္မတ တိုက်တွန်း
Donate to DVB

ရရှိပိုင်ဆိုင်ထားတဲ့ အခြေခံကောင်းတွေကို အမိအရဆုပ်ကိုင်ပြီး ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်သူ၊ ပြည်နယ်သားတို့က နိုင်ငံတော်နဲ့အတူ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ သမ္မတ ဦးထင်ကျော်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိုဝင်ဘာ ၇ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းဖော်ပြ လိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း ယုံကြည်မှု အားနည်းခဲ့ကြပြီး လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရတဲ့အတွက် ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ရတယ်လို့လည်း သမ္မတက ပြောပါတယ်။

ဒါ့အပြင် သူက ဒီနေ့အချိန်မှာ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရောင်ခြည် အသီးအပွင့်များ ရရှိခံစားနေရပြီ ဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများလည်း ရရှိနေပြီ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်က ဘဏ္ဍာငွေမြောက်မြားစွာ ကျခံပြီး စီမံဆောင်ရွက်ပေးလျက်ရှိတယ်။ ရရှိဖြစ်ထွန်းနေတဲ့ စည်းလုံးညီညွတ်မှု အခြေခံကောင်းများ၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများနဲ့အတူ ဒီမိုကရေစီနိုင်ငံတော်သစ်သို့ လျှောက်လှမ်းရာမှာ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်စွာနဲ့ ဆက်လက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ သမ္မတဦးထင်ကျော်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013