DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် ကျပ်သိန်း ၃၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
November 7, 2017
ဗန်းမော်တွင် ကျပ်သိန်း ၃၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ဗန်းမော်-မံစီသွားကားလမ်းမပေါ်မှာ ကျပ်သိန်း ၃၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု (၁)ဗန်းမော်မှ ရဲအုပ်အောင်ဝင်းက ပြောပါတယ်။

နိုဝင်ဘာလ ၆ ရက် မနက် ၉ နာရီခွဲက မူးယစ်တပ်ဖွဲ့စု ၁ ဗန်းမော်မှ ရဲအုပ်အောင်ဝင်း၊ တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေဟာ မူးယစ်ဆေးဝါးသတင်းအရ မန်ရွတ်ကျေးရွာ တံတားအနီး ဗန်းမော်-မံစီသွားကားလမ်းမပေါ်မှာ စောင့်ဆိုင်းနေစဉ် အောင်ဇော်ဦး မောင်းနှင်ပြီး နောက်မှ မသိန်းကြည်လိုက်ပါလာသော Follow Me 125 အမျိုးအစားဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တာပါ။

“ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ဘိန်းဖြူ ၅၈ ဂရမ် အလေးချိန် ၅၈ ဂရမ် စိတ်ကြွဆေးပြား ၆၅၀၀ ပြား စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းကာလတန်ဘိုး ကျပ်သိန်း ၃၇၀ ကျော်လောက်ရှိတယ်”လို့ မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှ ရဲအုပ်အောင်ဝင်းက ပြောပါတယ်။

ဗန်းမော်မြို့မရဲစခန်းမှ မဘိမ်းမြို့နယ် နမ့်ဟွန်ရွာနေသူ အောင်ဇော်ဦး (၄၁ နှစ်)နဲ့ မသိန်းကြည်(၅၁ နှစ်) တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013