DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေး အာဆီယံသဘောတူညီချက် လက်မှတ်ထိုးရန် တင်ပြ
DVB
·
November 7, 2017
ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေး အာဆီယံသဘောတူညီချက် လက်မှတ်ထိုးရန် တင်ပြ
Donate to DVB

 

ရွှေ့ပြောင်းအလုပ်သမားများရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက် လက်မှတ်ထိုးဖို့ လွှတ်တော်မှာ ဒီနေ့ တင်ပြခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်ထောင်စုလွှတ်တော်မှာ လာရောက်တင်ပြ ခဲ့တာပါ။

ဒီအာဆီယံသဘောတူညီချက်ဟာ ဥပဒေအရ စည်းနှောင်မှုမရှိဘဲ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ နိုင်ငံတွင်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ မူဝါဒတွေနဲ့အညီ သဘောတူညီချက်ပါ သတ်မှတ်ဖော်ပြထားတဲ့ ကတိက၀တ်တွေကို ကျင့်ဝတ်အရ လေးစားလိုက်နာနိုင်ဖို့အတွက် ရေးဆွဲထားတဲ့ သဘောတူညီချက်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်တာနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်ထွက်ပေါ်လာရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အတွက် စံသတ်မှတ်ချက်တခုရရှိလာမှာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အာဆီယံ ဒေသတွင်း ရွှေ့ပြောင်းသွားလာတာမှာ အာဆီယံနိုင်ငံတွေရဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ အခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ရရှိခံစားလာနိုင်ဖို့ ရည်ရွယ်ပြီး လက်မှတ်ရေးထိုးတာခြင်းဖြစ်ပါတယ်” လို့ ဦးသိန်းဆွေက ဆိုပါတယ်။

ပြည်ထောင်စုလွှတော်ရဲ့ သဘောတူညီချက်ရရင် နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ ထိ ဖိလစ်ပိုင်မှာပြု လုပ်မယ့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013