DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘီးခွန်နှင့်မြို့ဝင်ကြေး ကောက်ခံမှုများပြား
DVB
·
November 7, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘီးခွန်နှင့်မြို့ဝင်ကြေး ကောက်ခံမှုများပြား
Donate to DVB

 

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ တာချီလိတ်နယ်စပ်မြို့ကနေ တောင်ကြီးဘက် ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးပေါ်က ရှမ်းပြည်နယ်အရှေ့ပိုင်းက မြို့နယ်တွေမှာ ဘီးခွန်နဲ့ မြို့ဝင်ကြေးတွေ ကောက်ခံတာ များပြားနေတာကြောင့် ဒေသအတွင်း ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေရတယ်လို့ ဌာနေပြည်သူလူထုတွေက ပြောဆိုနေကြပါတယ်။

“ပြည်မဘက်မှာရှိတဲ့မြို့တွေဆိုရင် မြို့ဝင်ကြေးနဲ့ ဘီးခွန်ကို ကားလေးတစီးအတွက် ၂၀၀ ကျပ်လောက်ပဲပေးရတယ်။ အခုကျနော်တို့ ရှမ်းပြည်အရှေ့ပိုင်းက မြို့တွေကျတော့ ကားလေးတစီးကို ဘီးခွန်(၁၀၀၀)ကျပ်နဲ့ မြို့ဝင်ကြေး (၃၀၀)ကျပ်မဟုတ်ရင် (၅၀၀)ကျပ်ပေးဆောင်နေရတယ်။ (၂၂)ဘီးကားကြီးဆိုရင် (၄၅၀၀)မဟုတ်ရင် (၅၀၀၀)ကျပ်ပေးဆောင်ရတယ်။ အဲ့ဒီတော့ တာချီလိတ်ကနေ တောင်ကြီးဘက်သွားတာဖြစ်ဖြစ် တောင်ကြီးကတော့ တာချီလိတ်ဘက်ကို လာတာဖြစ်ဖြစ် ကားလမ်းပေါ်မှာ ရှိတဲ့ ရှမ်းအရှေ့ကမြို့တိုင်းကို ဒီလို အခွန်တွေပေးဆောင်နေရတော့ မသက်သာဘူးပေါ့။ ဒါ့ကြောင့် ရှမ်းအရှေ့မှာ ဘယ်ဝယ်ဝယ် ကုန်ဈေးနှုန်းကကြီးနေတာပဲ” လို့ ဦးသန်းစိုးအောင်ကပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို ဆက်သွားထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က တာကော် တံတားကို လုံခြုံရေးယူထားတဲ့ မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကလည်း တရားမ၀င်ငွေကြေးတောင်းခံတာတွေ ရှိနေတာဟာလည်း ဒေသအတွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်စေတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့လည်း ခရီးသွားတွေက ဆိုပါတယ်။

“ဒီတစ်ခေါက်တာကောတံတားဖြတ်တော့ တပ်ဂိတ်က စေတနာရှိသလောက်ဆိုပြီး ၅၀၀၀ တောင်းတယ်ပြီးတော့ ရဲကတော့ ၁၀၀၀၀ တောင်းလို့ ပေးခဲ့ရတယ်။ လိုင်စင်ရှိတဲ့ကားကော လိုင်စင်မရှိတဲ့ ကားကော ကုန်ပစ္စည်းပါတာဖြစ်စေ၊ မပါတာဖြစ်စေ သူတို့ကတောင်းလာပြီးဆိုရင် အနည်းနဲ့ အများ ညှိနှိုင်းပြီးပေးရတာပါပဲ။ ဘာ့ကြောင့် ပေးလဲဆိုတော့ ခရီးမှာ အနှောင့်ယှက် မဖြစ်ချင်လို့ပေးတာပါ။ သူတို့က တာဝန်ရှိသူတွေဆိုတော့ စကားလည်း မများချင်ဘူးလေ။ တောင်းတဲ့ငွေပေးခဲ့ရပေမယ့် ငွေလက်ခံဘောင်ချာ တောင်းကြည့်တော့ ဘောက်ချာမပေးဘူး။ လုံခြုံရေးအရ စစ်ဆေးစရာရှိတာ စစ်ဆေးပါ လက်ခံပါတယ်။ ဒါပေမယ့် ဒီလို တရားမ၀င်ငွေကြေးတောင်းခံတာတွေတော့ မရှိစေချင်ဘူးဗျာ။” လို့ တာကော်တံတားက လုံခြုံရေးတွေကို ငွေပေးခဲ့ရတဲ့ ဦးကောင်းမြတ်ဇော်က ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းက မြို့တွေမှာ ဘီးခွန်နဲ့ မြို့ဝင်ကြေးတွေ ကောက်ခံနေတာနဲ့ ပတ်သက်ပြီး ကျိုင်းတုံမြို့နယ် စည်ပင်သာရုံးဖုန်းနဲ့ အမှုဆောင်အရာရှိရုံးဖုန်း (၀၈၄-၂၁၀၁၆- ၀၈၄-၂၂၈၇၉) ကို ဖုန်းဆက်မေးမြန်းရာမှာတော့ ဖုန်းခေါ်ဆိုလို့ မရဖြစ်နေပါတယ်။ ဖားကန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013