DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်အင်အား အလွန်အကျံမသုံးရန် ကုလသမဂ္ဂတိုက်တွန်း
DVB
·
November 7, 2017
ရခိုင်တွင် စစ်အင်အား အလွန်အကျံမသုံးရန် ကုလသမဂ္ဂတိုက်တွန်း
Donate to DVB

 

ရခိုင်ဒေသမှာ နောက်ထပ် စစ်အင်အား အလွန်အကျွံ မသုံးစွဲတော့ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို နိုဝင်ဘာ ၆ ရက်က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့က လွန်ခဲ့တဲ့ သီတင်းပတ် ၁၀ ပတ်လောက်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို လူမျိုးစုရှင်းလင်းရေးလို့ ခေါ်ဝေါ်သုံးစွဲပြီး တိုက်ပွဲတွေကို ရှုတ်ချထားတာပါ။ မြန်မာအစိုးရကလည်း လူမျိုးစုရှင်းလင်းရေး ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

လုံခြုံရေးကောင်စီဟာ ရုရှားနဲ့တရုတ်တို့ရဲ့ ဗီတိုအာဏာကို ဖြေလျော့စေဖို့ ဗြိတိန်နဲ့ပြင်သစ်တို့က ဒီအခြေအနေနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ကို သဘောတူလက်ခံဖို့ လုံခြုံရေးကောင်စီအတွက် တွန်းအားပေးရာမှာ အဖွဲ့ဝင် ၁၅ နိုင်ငံကလည်း သမားရိုးကျ ထုတ်ပြန်ချက်အပေါ် တညီတညွတ်တည်း ထောက်ခံကြပါတယ်။

လုံခြုံရေးကောင်စီဟာ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက သိသိသာသာ မြန်မြန်ဆန်ဆန် ယိုယွင်းနေတာကို အချက်ပေး တပ်လှန့်ထားပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေတဲ့ ဒေသကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ပဋိပက္ခရှောင်ပြေးကြသူတွေ အရေအတွက် တိုးလာတဲ့အပေါ် အလွန်ကို စိုးရိမ်ပူပန်နေရပါတယ်လို့  နိုဝင်ဘာအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ကုလဆိုင်ရာ အီတလီသံအမတ် ဆီဘတ်စ်တီယာနို ကာဒီက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက တဖက် ဘာသာခြားအသိုင်းအဝိုင်းက သူတွေအပေါ် ကျူးလွန်တာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေအကြောင်း အစီရင်ခံစာတွေအပေါ် အလေးအနက်ထား စိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးစခန်း ၃၀ ကို အကြမ်းဖက်တွေ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရှင်းလင်းစစ်ဆင်ရေး နည်းလမ်းတွေကြောင့် မြန်မာအစိုးရအပေါ် နိုင်ငံတကာက ပြစ်တင်နေကြတာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဟောက်ဒိုဆွမ်ကတော့ ဒါဟာ  စွပ်စွဲမှုတွေနဲ့ သက်သေခံအမှားတွေ အပေါ်အခြေခံပြီး  အဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် ဝေဖန်ပြစ်တင်နေတာပါ။ ဒီအရေးကို ကူညီဖြေရှင်းပေးနိုင်မှာ မဟုတ်တဲ့ စကားလုံးထွင် သုံးစွဲတာတွေကိုလည်း အပြင်းအထန် ကန့်ကွက်ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံက ပထဝီနိုင်ငံရေးကို ဖိအားတွေ ပေးနေတာပါလို့ ဆိုပါတယ်။

မြန်မာအစိုးရကလည်း ဒီလိုစွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လာရောက်မယ့် ကုလသမဂ္ဂအဖွဲ့ကို ပြည်ဝင်ခွင့် ငြင်းဆန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013