DVB Logo
Home
ရွေးကောက်ပွဲ
အန်အယ်လ်ဒီပါတီ ၄၃ ​နေရာအနိုင်ရဟု ​ကော်မရှင်အတည်ပြု​ကြေညာ
DVB
·
April 4, 2012
အန်အယ်လ်ဒီပါတီ ၄၃ ​နေရာအနိုင်ရဟု ​ကော်မရှင်အတည်ပြု​ကြေညာ
Donate to DVB

ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲယှဉ်ပြိုင်တဲ့​ လစ်လပ်မဲဆန္ဒနယ် ၄၅ ​နေရာအနက် အန်အယ်လ်ဒီပါတီက ၄၃ ​နေရာ၊​ ကြံ့​ခိုင်​ရေး​ပါတီက ၁ 

[caption id="attachment_23720" align="alignleft" width="300" caption="photo-reuters"][/caption]

နေရာနဲ့​ ကျား​ဖြူပါတီက ၁ ​နေရာ အနိုင်ရတယ်လို့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်က ​နောက်ဆုံး​ရလဒ်ကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ကြေညာဖို့​ကျန်ရှိတဲ့​ မဲဆန္ဒနယ် ၅ ​နေရာရဲ့​ ရလဒ်​တွေကို နိုင်ငံပိုင် မီဒီယာ​တွေက​နေ ​ကော်မရှင်က မ​နေ့​က အတည်ပြု​ကြေညာရာမှာ အန်အယ်လ်ဒီပါတီက ၃ ​နေရာနိုင်ပြီး​ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ ကျား​ဖြူပါတီတို့​က ၁ ​နေရာ စီ အနိုင်ရတယ်လို့​ ​ကြေညာခဲ့​တာပါ။

စစ်ကိုင်း​တိုင်း​ မင်း​ကင်း​မြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီပါတီက ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ခင်​မွှေး​လွင်က အနိုင်ရပြီး​ တနင်္သာရီတိုင်း​ ကျွန်း​စုမြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်မှာ ​ဒေါ်တင်တင်ရီက နိုင်ပါတယ်။ စစ်ကိုင်း​တိုင်း​ အမှတ် ၃ အမျိုး​သား​လွှတ်​တော် မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီက ​ဒေါက်တာမြင့်​နိုင် အနိုင်ရပါတယ်။

စစ်ကိုင်း​တိုင်း​ အမှတ် ၇ အမျိုး​သား​လွှတ်​တော် မဲဆန္ဒနယ်မှာ ကြံ့​ခိုင်​ရေး​ပါတီက ဦး​တင်မြက ကျား​ဖြူပါတီက ဦး​မာကျင်နဲ့​ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး​ အနိုင်ရသွား​ပါတယ်။ ဒီနယ်မှာ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​လောင်း​ ဦး​စောလှိုင်ကို ​ကော်မရှင်က ပယ်ဖျက်ခံထား​ရလို့​ ဝင်ပြိုင်ခွင့်​ မရရှိပါဘူး​။

ရှမ်း​ပြည်နယ် အမှတ် ၃ မဲဆန္ဒနယ်မှာ​တော့​ အမျိုး​သား​ လွှတ်​တော် ​နေရာအတွက် ကျား​ဖြူပါတီက ဦး​စိုင်း​စံမင်း​က အန်အယ်လ်ဒီပါတီ အမတ်​လောင်း​ ဦး​စိုင်း​မြင့်​မောင်ကို အနိုင်ရရှိသွား​ပါတယ်။

နောက်ဆုံး​ရလဒ်အ​နေနဲ့​ လက်ရှိအာဏာရ ကြံ့​ခိုင်​ရေး​ပါတီက ၄၅ ​နေရာစလုံး​မှာ ဝင်ပြိုင်ရာမှာ ၁ ​နေရာအနိုင်ရပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ၄၄ ​နေရာ ယှဉ်ပြိုင်ရာမှာ ပါတီဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် ၄၃ ​နေရာမှာ အနိုင်ရခဲ့​တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013