DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် နွေစပါးနှင့်ကြံများကို အဓိကစိုက်ပျိုးလာ
DVB
·
November 7, 2017
ပဲခူးတိုင်းတွင် နွေစပါးနှင့်ကြံများကို အဓိကစိုက်ပျိုးလာ
1 / 6
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင်အတွင်းက ကျေးရွာတွေမှာ မိုးစပါးစိုက်ပျိုးမူအထွက် နှုန်းကျဆင်းတာတွေနဲ့ အိန္ဒိယက မတ်ပဲအဝယ်ရပ်နေတာကြောင့် မတ်ပဲဈေးတွေ အဆမတန်ကျဆင်းလာလို့ နွေစပါးနဲ့ ကြံညိုတွေကို အဓိကစိုက်ပျိုးလာကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

"မိုးရာသီ စပါးစိုက်ပြီး ရိပ်သိမ်းပြီးချိန် နယုန်လက စပြီး ကြံကိုစိုက်ပါတယ်။ တစ်ဧကကို မျိုးက ခြောက်ထောင်ကျော်စိုက်ပျိုးရပြီး ကုန်ကျစရိတ်က ၇ သိန်းလောက်ပဲ ကုန်တယ်။ ပြန်ရောင်းတဲ့အခါကျတော့ တစ်ဧကကို သိန်း ၂၀ ကနေ ၂၅ သိန်းအထိ ရတယ်။ ကုန်ကျစရိတ်သက်သာတော့ အဆင်ပြေတာပေါ့။ ပြီးတော့ မော်လမြိုင်မြို့၊ ပဲခူးမြို့နဲ့ ရန်ကုန်က ကြံကိုယ်စားလှယ်တွေက အခင်းလိုက် အပြတ်လာဝယ်တော့ ရောင်းရတာလည်း အဆင်ပြေပါတယ်" လို့ သာယာအေးကျေးရွာ ကြံစိုက်တောင်သူ ဦးမြင့်ရွှေက ပြောပါတယ်။

“မိုးစပါးကလည်း အထွက်လျော့တယ်။ မတ်ပဲဈေးကလည်း ကျတယ်။ စိုက်ပျိုးစရိတ်ကျ တော့ မြင့်တယ်ဆိုတော့ တောင်သူတွေမှာ အရင်းရအောင်တောင် မနည်းစိုက်ပျိုးနေရပါတယ်။ ဒါကြောင့် တောင်သူတွေက aနွးစပါးနဲ့ကြံကို အဓိကစိုက်ပျိုးလာကြတာပါ။ မိုးစပါးက တစ်ဧကမှာ တင်း ၄၀ လောက် ထွက်တယ် နွေစပါးကျတော့ တစ်ဧကကို တင်း ၁၀၀ ကနေ ၁၂၀ အထိ ထွက်တယ်၊ ကြံလည်း ဒီလိုပဲ၊ အရင်းနည်တယ် အမြတ်များတယ်။ ဒါကြောင့် ဒီနှစ် ကျနော်တို့နယ်မှ မိုးစပါးနဲ့ မတ်ပဲအစား နွေစပါးနဲ့ကြံကို အဓိကစိုက်ပျိုးလာကြတယ်” လို့ တောင်သူ ဦးသန်းထွန်းအောင်က ပြောပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ မတ်ပဲစိုက်တောင်သူတွေ မတ်ပဲစပေါ်ချိန် တတင်းကို ၂၇၅၀၀ ကျပ်နဲ့ ရောင်ချခဲ့ပြီးနောက်ပိုင်း ၃၅၀၀၀ ကျပ်အထိ ရောင်းချခဲ့ရပေမယ့် ၂၀၁၇ ခုနှစ် သြဂုတ်မှာ အိန္ဒိယနိုင်ငံမှ ပဲအဝယ်ရပ်ဆိုင်းလိုက်တဲ့တွက် တတင်းကို ၁၆၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်း ခဲ့တာကြောင့် မတ်ပဲစိုက်တောင်သူတွေ အခက်ကြုံခဲ့ရပါတယ်။

အခုအခါမှာ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ ကျေးရွာတွေမှာ နွေစပါးနှင့်ကြံများကိုသာ အဓိကစိုက်ပျိုးလာကြပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013