DVB Logo
Home
မြန်မာသတင်း
ခရီးသည်တင်ကားနောက်ပိုင်းကို ကင်တာကား ဝင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
November 7, 2017
ခရီးသည်တင်ကားနောက်ပိုင်းကို ကင်တာကား ဝင်တိုက်၊ ၁ ဦးသေဆုံး
1 / 4
Donate to DVB

 

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၅/၃ နဲ့ ၄ အကြား ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်ရွာအနီး နိုဝင်ဘာလ ၆ ရက်နေ့ မနက်က ခရီးသည်တင်ကားနောက်ပိုင်းကို ကုန်တင်ကင်တာကားမှဝင်တိုက်မိရာ တဦးဒဏ်ရာရပြီး တဦးသေဆုံးတယ်လို့ ရွှေတောင်ရွာ ရဲစခန်းအမှုစစ်အရာရှိက ပြောပါတယ်။

“ကားနှစ်စီးလုံးလားရာတူ မန္တလေးဘက်ကို သွားနေကြတယ်။ ခရီးသည်တင်ကား နောက်ပိုင်းကို ကင်တာကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတယ်။ ကင်တာကားပေါ်ပါလာတဲ့ အမရပူရမြို့နယ် ရွှေကြက်ယက်ရွာနေ ယာဉ်နောက်လိုက် ကိုတင်မြင့်ကတော့ အခင်းဖြစ်နေရာ မှာ သေဆုံးတယ်။ တရွာတည်းနေ ယာဉ်မောင်းကိုရွှင်က ဒဏ်ရာရသွားတယ်”လို့ အမှုစစ်အရာရှိက ဆက်ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်း ရဲအုပ်ကျော်နိုင်စိုးက "ကင်တာကားမောင်းလာတဲ့ အရှိန်က သိပ်များတော့ မထိန်းနိုင်တော့ပဲ ရှေ့ကသွားနေတဲ့ကားကို ဝင်တိုက်မိတာပေါ့။ ယာဉ်နောက်လိုက် ပါတဲ့ဘက်တိုက်မိတယ်။ ဝှေးစေ့ကွဲတယ်၊ မျက်ခုံး နှုတ်ခမ်း ခြေသလုံးတွေ ပွန်းပဲ့တယ်။ နေရာတင်သေဆုံးတယ် ယာဉ်မောင်းလဲဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်"လို့ ပြောပါတယ်။

ဒိုင်ကောင်းကုန်းရွာနေ ကိုဝင်းမြင့်က"ရန်-မန်းလမ်းဟောင်းက အသွားလမ်း အပြန်လမ်း နှစ်လမ်းသွားဖြစ်နေပြီ။ ကားတွေက တအားမောင်းကြတယ်။ တခုခုဆို အရှိန်မထိန်းနိုင်ဖြစ်ပြီး တိုက်တော့တာပဲ။ အခုလည်း အရှိန်များတော့ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး ရှေ့ကားကို ဝင်တိုက်တာပေါ့"လို့ ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်းမှာ ကင်တာကား ယာဉ်မောင်းကိုရွှင်ကို ယာဉ်မဆင်မခြင်မောင်းတဲ့ အတွက် လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ တို့နဲ့ အမှုအမှတ် ယာဉ်(ပ)၃၁/၁၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013